K pop

■ နှစ်စဉ်ရေကြီးတဲ့ ဒေသမှာ Chanyeol မွေးနေ့အတွက် အင်ဒိုနီးရှား EXO-L တွေရဲ့ မွန်မြတ်တဲ့လုပ်ရပ်

-UNICODE

– – – အင်ဒိုနီးရှား EXO-L တွေရဲ့လုပ်ရပ်က တကယ့်ကို မွန်မြတ်လှပြီး…

ပြီးခဲ့တဲ့ နိုဝင်ဘာ (၂၇) ရက်နေ့ကတော့ EXO အဖွဲ့ဝင် Chanyeol ရဲ့ မွေးနေ့ပဲ ဖြစ်ပါတယ်။

Chanyeol ရဲ့ မွေးနေ့မှာ ကမ္ဘာ့အနှံ့က EXO-L တွေဟာ ပရောဂျက်တွေ၊ လှူဒါန်းမှုတွေ အများအပြား ပြုလုပ်ခဲ့တာပါ။ အင်ဒိုနီးရှား EXO-L တွေကလည်း Chanyeol ရဲ့ မွေးနေ့အတွက် မွန်မြတ်တဲ့လုပ်ရပ်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

ဒါတော့ ဒီရေတော ထောင်နဲ့ချီပြီး စိုက်ခဲ့တာပါ။ ဒါက Chanyeol ရဲ့ မွေးနေ့အတွက် အလွန်မွန်မြတ်တဲ့လုပ်ရပ်ဖြစ်သလို အင်ဒိုနီးရှားနိုင်ငံအတွက်လည်း အကျိူးရှိတဲ့လုပ်ရပ်လို့ အင်ဒိုနီးရှား EXO-L တွေက ယူဆခဲ့ကြပါတယ်။

Bahagia ရွာလေးမှာ တည်ရှိတဲ့ Pantai Bahagia မှာ Chanyeol ရဲ့ မွေးနေ့ ၁၁ လ၊ ၂၇ ရက်ကို အစွဲပြုပြီး ဒီရေတော (၁၁၂၇) စိုက်ပျိုးလို့ စီစဉ်ခဲ့တာပါ။ အဲဒီအရပ်ဟာ အမြဲလိုလို ရေကြီးမှုကြောင့် ဒေသခံတွေဒုက္ခရောက်ရပြီး အိုးအိမ် ဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။

ဒါကြောင့် အင်ဒိုနီးရှား EXO-L တွေရဲ့လုပ်ရပ်က တကယ့်ကို အဓိပ္ပာယ်ရှိပြီး ဒေသခံတွေရဲ့ဘဝကိုပါ ကယ်တင်ပြီးသား ဖြစ်သွားတာ တွေ့ရမှာပါ။ နိုဝင်ဘာ (၂၇) ရက်နေ့ မနက်ပိုင်းမှာပဲ ဒီရေတော (၁၆၂၄) အထိ ရောက်ရှိသွားခဲ့ကာ သတ်မှတ်ထားတဲ့ ပမာဏထက်တောင် များစွာကျော်လွန်းသွားခဲ့တာပါ။

အင်ဒိုနီးရှား EXO-L တွေအနေနဲ့ အဲဒီလှုပ်ရှားမှုကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်နေ့အထိ ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

-ZAWGYI

■ ႏွစ္စဥ္ေရႀကီးတဲ့ ေဒသမွာ Chanyeol ေမြးေန႔အတြက္ အင္ဒိုနီးရွား EXO-L ေတြရဲ႕ မြန္ျမတ္တဲ့လုပ္ရပ္

– – – အင္ဒိုနီးရွား EXO-L ေတြရဲ႕လုပ္ရပ္က တကယ့္ကို မြန္ျမတ္လွၿပီး…

ၿပီးခဲ့တဲ့ ႏိုဝင္ဘာ (၂၇) ရက္ေန႔ကေတာ့ EXO အဖြဲ႕ဝင္ Chanyeol ရဲ႕ ေမြးေန႔ပဲ ျဖစ္ပါတယ္။

Chanyeol ရဲ႕ ေမြးေန႔မွာ ကမာၻ႔အႏွံ႔က EXO-L ေတြဟာ ပေရာဂ်က္ေတြ၊ လႉဒါန္းမႈေတြ အမ်ားအျပား ျပဳလုပ္ခဲ့တာပါ။ အင္ဒိုနီးရွား EXO-L ေတြကလည္း Chanyeol ရဲ႕ ေမြးေန႔အတြက္ မြန္ျမတ္တဲ့လုပ္ရပ္တစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။

ဒါေတာ့ ဒီေရေတာ ေထာင္နဲ႔ခ်ီၿပီး စိုက္ခဲ့တာပါ။ ဒါက Chanyeol ရဲ႕ ေမြးေန႔အတြက္ အလြန္မြန္ျမတ္တဲ့လုပ္ရပ္ျဖစ္သလို အင္ဒိုနီးရွားႏိုင္ငံအတြက္လည္း အက်ိဴးရွိတဲ့လုပ္ရပ္လို႔ အင္ဒိုနီးရွား EXO-L ေတြက ယူဆခဲ့ၾကပါတယ္။

Bahagia ႐ြာေလးမွာ တည္ရွိတဲ့ Pantai Bahagia မွာ Chanyeol ရဲ႕ ေမြးေန႔ ၁၁ လ၊ ၂၇ ရက္ကို အစြဲျပဳၿပီး ဒီေရေတာ (၁၁၂၇) စိုက္ပ်ိဳးလို႔ စီစဥ္ခဲ့တာပါ။ အဲဒီအရပ္ဟာ အၿမဲလိုလို ေရႀကီးမႈေၾကာင့္ ေဒသခံေတြဒုကၡေရာက္ရၿပီး အိုးအိမ္ ဆုံးရႈံးမႈေတြ ရွိခဲ့ပါတယ္။

ဒါေၾကာင့္ အင္ဒိုနီးရွား EXO-L ေတြရဲ႕လုပ္ရပ္က တကယ့္ကို အဓိပၸာယ္ရွိၿပီး ေဒသခံေတြရဲ႕ဘဝကိုပါ ကယ္တင္ၿပီးသား ျဖစ္သြားတာ ေတြ႕ရမွာပါ။ ႏိုဝင္ဘာ (၂၇) ရက္ေန႔ မနက္ပိုင္းမွာပဲ ဒီေရေတာ (၁၆၂၄) အထိ ေရာက္ရွိသြားခဲ့ကာ သတ္မွတ္ထားတဲ့ ပမာဏထက္ေတာင္ မ်ားစြာေက်ာ္လြန္းသြားခဲ့တာပါ။

အင္ဒိုနီးရွား EXO-L ေတြအေနနဲ႔ အဲဒီလႈပ္ရွားမႈကို ၂၀၂၀ ခုႏွစ္၊ ဒီဇင္ဘာ ၂၀ ရက္ေန႔အထိ ဆက္လက္ျပဳလုပ္သြားမယ္လို႔ သိရပါတယ္။

Ref: Koreaboo

* Next In ဝက္ဘ္ဆိုက္ႏွင့္ Facebook Page မ်ားတြင္ ေဖာ္ျပထားသည့္ သတင္းမ်ားကို အျခား Page၊ Blog၊ Website မ်ားတြင္ ကူးယူေဖာ္ျပခြင့္ မျပဳပါ။ ထို႔ေၾကာင့္ Nex t In မွာ တင္ဆက္မႈမ်ားကို ကူးယူေဖာ္ျပျခင္း မလုပ္ၾကပါရန္ အႏူးအၫႊတ္ ေမတၱာရပ္ခံအပ္ပါသည္။ *

You cannot copy content of this page