K pop

■ BTS အဖွဲ့သမိုင်းမှာ ပထမဆုံးဆိုတဲ့ စံချိန်သစ်တစ်ခု ရေးခဲ့ပြန်တဲ့ Butter

— – – Butter လိုမျိုး ဘယ် BTS သီချင်းကမှာ လုပ်ဆောင်နိုင်ခြင်းမရှိသေးဘဲ ဒီသီချင်းက ပထမဆုံးဆိုတဲ့ …

BTS အဖွဲ့ရဲ့ ဒုတိယမြောက် အင်္ဂလိပ်သီချင်း Butter ဟာ စတင်ထုတ်ဝေကတည်းက စံချိန်ပေါင်းများစွာကို ရိုက်ချိုးခဲ့ပြီး အခုလည်း အဆိုတော်တွေ မက်မောကြတဲ့ Billboard Hot 100 မှာ BTS အဖွဲ့သမိုင်းတစ်လျှောက် စံချိန်သစ် ရေးထိုးခဲ့ပြန်ခဲ့ပါပြီ။

ဇူလိုင်လ (၁၄)ရက်နေ့မှာ Billboard က Billboard Hot 100 စာရင်းကို ထုတ်ပြန်ခဲ့ရာမှာတော့ BTS ရဲ့ Butter သီချင်းက (၃)ပတ်ဆက်တိုက် နံပါတ် (၁) နေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပြီး ဒါဟာ အဖွဲ့သမိုင်းမှာ စံချိန်သစ်ဖြစ်ခဲ့တာပါ။

BTS ရဲ့ ၂၀၂၀ ထုတ် အင်္ဂလိပ်သီချင်း Dynamite ဟာ Billboard Hot 100 မှာ နံပါတ် (၁) အဖြစ် (၃)ပတ် ရပ်တည်ဖူးပေမဲ့ ဆက်တိုက်မဟုတ်ခဲ့ပါဘူး။

အခု Butter သီချင်းက (၃)ပတ်ဆက်တိုက် နံပါတ် (၁) နေရာမှာ ရပ်တည်ခဲ့တာဖြစ်ပြီး နံပါတ်(၁) မှာ ရက်သတ္တပတ်အများဆုံးရပ်တည်နိုင်တဲ့ BTS သီချင်းအဖြစ်လည်း Dynamite နဲ့အတူ မှတ်တမ်းဝင်ခဲ့ပါတယ်။

BTS ဟာ ဇူလိုင် (၉)ရက်မှာ Butter သီချင်းကို CD version ထုတ်ဝေသွားမှာဖြစ်ပြီး အဲဒီ CD version မှာ သီချင်းတစ်ပုဒ် ပါဝင်မယ်လို့လည်း ကြေညာထားပါတယ်။

Ref: Soompi

 

-Zawgyi Version

■ BTS အဖဲြ႕သမုိင္းမွာ ပထမဆုံးဆုိတဲ့ စံခ်ိန္သစ္တစ္ခု ေရးခဲ့ျပန္တဲ့ Butter

— – – Butter လုိမ်ဳိး ဘယ္ BTS သီခ်င္းကမွာ လုပ္ေဆာင္ႏုိင္ျခင္းမရွိေသးဘဲ ဒီသီခ်င္းက ပထမဆုံးဆုိတဲ့ …

BTS အဖဲြ႕ရဲ႕ ဒုတိယေျမာက္ အဂၤလိပ္သီခ်င္း Butter ဟာ စတင္ထုတ္ေ၀ကတည္းက စံခ်ိန္ေပါင္းမ်ားစြာကုိ ႐ုိက္ခ်ဳိးခဲ့ၿပီး အခုလည္း အဆုိေတာ္ေတြ မက္ေမာၾကတဲ့ Billboard Hot 100 မွာ BTS အဖဲြ႕သမုိင္းတစ္ေလွ်ာက္ စံခ်ိန္သစ္ ေရးထုိးခဲ့ျပန္ခဲ့ပါၿပီ။

ဇူလုိင္လ (၁၄)ရက္ေန႔မွာ Billboard က Billboard Hot 100 စာရင္းကုိ ထုတ္ျပန္ခဲ့ရာမွာေတာ့ BTS ရဲ႕ Butter သီခ်င္းက (၃)ပတ္ဆက္တုိက္ နံပါတ္ (၁) ေနရာမွာ ရပ္တည္ႏုိင္ခဲ့တာျဖစ္ၿပီး ဒါဟာ အဖဲြ႕သမုိင္းမွာ စံခ်ိန္သစ္ျဖစ္ခဲ့တာပါ။

BTS ရဲ႕ ၂၀၂၀ ထုတ္ အဂၤလိပ္သီခ်င္း Dynamite ဟာ Billboard Hot 100 မွာ နံပါတ္ (၁) အျဖစ္ (၃)ပတ္ ရပ္တည္ဖူးေပမဲ့ ဆက္တုိက္မဟုတ္ခဲ့ပါဘူး။

အခု Butter သီခ်င္းက (၃)ပတ္ဆက္တုိက္ နံပါတ္ (၁) ေနရာမွာ ရပ္တည္ခဲ့တာျဖစ္ၿပီး နံပါတ္(၁) မွာ ရက္သတၱပတ္အမ်ားဆုံးရပ္တည္ႏုိင္တဲ့ BTS သီခ်င္းအျဖစ္လည္း Dynamite နဲ႔အတူ မွတ္တမ္း၀င္ခဲ့ပါတယ္။

BTS ဟာ ဇူလုိင္ (၉)ရက္မွာ Butter သီခ်င္းကုိ CD version ထုတ္ေ၀သြားမွာျဖစ္ၿပီး အဲဒီ CD version မွာ သီခ်င္းတစ္ပုဒ္ ပါ၀င္မယ္လုိ႔လည္း ေၾကညာထားပါတယ္။

Ref: Soompi

You cannot copy content of this page