K pop

■ D.O. ဘာကြောင့် စိုက်ကြည့်ရတာလဲ?

— – – ဒီပုံမှာ တွေ့တဲ့အတိုင်းပါပဲ။ အဲဒီအကြည့်တွေကြောင့် D.O. ဟာ အထင်အမြင်လွဲပြီး ဝေဖန်မှုတွေနဲ့ …

EXO အဖွဲ့ဝင် D.O. ရဲ့ အကြည့်တွေကတော့ ကျော်ကြားပါတယ်။ သူဟာ စိုက်ကြည့်တတ်တာကြောင့် တချို့ မနာလိုသူတွေဆီမှာ ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရသေးတာပါ။

Knowing Bros အစီအစဉ်မှာတော့ D.O. က အဲဒီစိုက်ကြည့်တာနဲ့ ပတ်သက်လို့ ဖွင့်ဟခဲ့ရာမှာတော့ EXO-L တွေအတွက် ကြေကွဲစရာ ဖြစ်ခဲ့ပါတယ်။

D.O. က “ကျွန်တော့်ရဲ့ astigmatism (အနီးမှုန်၊ အဝေးမှုန်ရောဂါတစ်မျိုး)က တော်တော်ဆိုးပါတယ်။ တကယ်လို့ ကျွန်တော် မျက်မှန်မတပ်တဲ့အခါမျိုးပဲဖြစ်ဖြစ်၊ မျက်ကပ်မှန်မတပ်တဲ့ အခါမျိုးပဲဖြစ်ဖြစ် အဆင်မပြေပါဘူး။ ဒါကြောင့် ကျွန်တော် မျက်မှန်တပ်လေ့ရှိပါတယ်။

ဒါပေမဲ့ Show တွေမှာတော့ ကျွန်တော့်ကို မျက်မှန်တပ်ခွင့် မပြုပါဘူး။ ဒါကြောင့် ကျွန်တော် မျက်မှန်ချွတ်ခဲ့ရပြီး အဲဒီအခါမျိုးမှာ အဆင်မပြေတော့ပါဘူး။ ဒီတော့ တစ်ခုခုကို ကြည့်တဲ့အခါ စိုက်ကြည့်သလိုဖြစ်ပြီး အခုလို မျက်နှာမျိုး ဖြစ်တော့ပါပဲ”လို့ ဆိုပါတယ်။

D.O. ဟာ အိမ်မှာနေတဲ့အခါပဲဖြစ်ဖြစ်၊ ရိုက်ကူးတဲ့အခါမျိုးမှာပဲ ဖြစ်ဖြစ် မျက်မှန်တပ်လေ့ရှိပြီး ပရိသတ်တွေကတော့ D.O. အနေနဲ့ မျက်မှန်နဲ့ သိပ်လိုက်တယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။

Source: theqoo

 

-Zawgyi Version

■ ဘာေၾကာင့္ D.O. စုိက္ၾကည့္ရတာလဲ ?

— – – ဒီပုံမွာ ေတြ႕တဲ့အတုိင္းပါပဲ။ အဲဒီအၾကည့္ေတြေၾကာင့္ D.O. ဟာ အထင္အျမင္လဲြၿပီး ေ၀ဖန္မႈေတြနဲ႔ …

EXO အဖဲြ႕၀င္ D.O. ရဲ႕ အၾကည့္ေတြကေတာ့ ေက်ာ္ၾကားပါတယ္။ သူဟာ စုိက္ၾကည့္တတ္တာေၾကာင့္ တခ်ဳိ႕ မနာလုိသူေတြဆီမွာ ေ၀ဖန္ျပစ္တင္မႈေတြနဲ႔ ရင္ဆုိင္ခဲ့ရေသးတာပါ။

Knowing Bros အစီအစဥ္မွာေတာ့ D.O. က အဲဒီစုိက္ၾကည့္တာနဲ႔ ပတ္သက္လုိ႔ ဖြင့္ဟခဲ့ရာမွာေတာ့ EXO-L ေတြအတြက္ ေၾကကဲြစရာ ျဖစ္ခဲ့ပါတယ္။

D.O. က “ကၽြန္ေတာ့္ရဲ႕ astigmatism (အနီးမႈန္၊ အေ၀းမႈန္ေရာဂါတစ္မ်ဳိး)က ေတာ္ေတာ္ဆုိးပါတယ္။ တကယ္လုိ႔ ကၽြန္ေတာ္ မ်က္မွန္မတပ္တဲ့အခါမ်ဳိးပဲျဖစ္ျဖစ္၊ မ်က္ကပ္မွန္မတပ္တဲ့ အခါမ်ဳိးပဲျဖစ္ျဖစ္ အဆင္မေျပပါဘူး။ ဒါေၾကာင့္ ကၽြန္ေတာ္ မ်က္မွန္တပ္ေလ့ရွိပါတယ္။

ဒါေပမဲ့ Show ေတြမွာေတာ့ ကၽြန္ေတာ့္ကုိ မ်က္မွန္တပ္ခြင့္ မျပဳပါဘူး။ ဒါေၾကာင့္ ကၽြန္ေတာ္ မ်က္မွန္ခၽြတ္ခဲ့ရၿပီး အဲဒီအခါမ်ဳိးမွာ အဆင္မေျပေတာ့ပါဘူး။ ဒီေတာ့ တစ္ခုခုကုိ ၾကည့္တဲ့အခါ စိုက္ၾကည့္သလုိျဖစ္ၿပီး အခုလုိ မ်က္ႏွာမ်ဳိး ျဖစ္ေတာ့ပါပဲ”လုိ႔ ဆုိပါတယ္။

D.O. ဟာ အိမ္မွာေနတဲ့အခါပဲျဖစ္ျဖစ္၊ ႐ုိက္ကူးတဲ့အခါမ်ဳိးမွာပဲ ျဖစ္ျဖစ္ မ်က္မွန္တပ္ေလ့ရွိၿပီး ပရိသတ္ေတြကေတာ့ D.O. အေနနဲ႔ မ်က္မွန္နဲ႔ သိပ္လုိက္တယ္လုိ႔ မွတ္ခ်က္ျပဳခဲ့ၾကပါတယ္။

Source: theqoo

You cannot copy content of this page