K pop

■ Red Velvet ရဲ့ Comeback နဲ့ပတ်သက်ပြီး SM Entertainment တရားဝင်ထုတ်ပြန်

— – – သူတို့ရဲ့ ထုတ်ပြန်ချက် Red Velvet ပရိသတ်တွေအတွက်တော့ …

ကိုရီးယားမီဒီယာတွေက Red Velvet အနေနဲ့ နွေရာသီမှာ အဖွဲ့ဝင်အပြည့်အစုံနဲ့ Comeback လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက အကျယ်အဝင့် ဖော်ပြခဲ့ကြပါတယ်။

Herald Pop က အဲဒီသတင်းကို ဖော်ပြပြီးနောက်မှာတော့ Red Velvet ရဲ့ အေဂျင်စီဖြစ်တဲ့ SM Entertainment က Newsen ကို အခုလိုပဲ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ သတင်းပေးခဲ့တာပါ။

SM Entertainment က “Red Velvet အဖွဲ့ဟာ သြဂုတ်လမှာ Comeback လုပ်ဖို့အတွက် Album သစ်ကို ပြင်ဆင်နေပါတယ်။ အဲဒီအတွက် Red Velvet ရဲ့ Album သစ်ကို ကျေးဇူးပြုပြီး စောင့်ကြည့်ပေးကြပါ”လို့ ဆိုခဲ့တာပါ။

Red Velvet အဖွဲ့ဟာ လွန်ခဲ့တဲ့ တစ်နှစ်ခွဲကျော်လောက်က “Psycho” ဆိုတဲ့ သီချင်းကို နောက်ဆုံးထုတ်ဝေထားပြီး Summer Queen လို့ နာမည်ကြီးတာကြောင့် ပရိသတ်တွေကတော့ သူတို့ရဲ့ Comeback ကို အမျှော်လင့်ကြီး မျှော်လင့်နေကြပါတယ်။

Source: Newsen

 

Zawgyi Version

===========

 







Source: Newsen

You cannot copy content of this page