— – – သူတို့လက်တွဲချင်တဲ့ ပုံစံတွေနဲ့ ထပ်တူကျ၊ မကျဆိုတာကိုတော့ …
နာမည်ကျော် အမျိုးသမီး K-Pop အဖွဲ့ Red Velvet အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ အိမ်ထောင်ဘက်အဖြစ် လက်တွဲချင်တဲ့ အမျိုးသားပုံစံတွေ၊ သဘောထားတွေကို ရွေးချယ်ခဲ့ကြပါတယ်။ သူတို့ လက်တွဲချင်တဲ့ပုံစံတွေကတော့ …
Irene
ရုပ်ပိုင်းကို သိပ်ဂရုမစိုက်ပါဘူး။ ကျွန်မအတွက် Personality က အဓိကဖြစ်ပြီး Personality ကောင်းပြီး မေတ္တာတရားကြီးမားသူကို လိုချင်ပါတယ်။ Man Up ရုပ်ရှင်ကို ကြည့်ပြီးနောက်မှာတော့ ကျွန်မနဲ့ သဘောသဘာဝချင်းတူတဲ့သူမျိုးကို လိုချင်လာတယ်။ ကိုယ့်အစစ်အမှန်ကို ပြလို့ရမယ့်သူမျိုးပေါ့။
Seulgi
ကျွန်မကတော့ ကျွန်မနဲ့ စကားပြောတာ အရမ်းအဆင်ပြေပြီး ကျွန်မကို ကြွေအောင် လုပ်နိုင်၊ ပြောနိုင်တဲ့သူမျိုးနဲ့ လက်တွဲချင်ပါတယ်။
Wendy
ကျွန်မကတော့ အပြုအမူကောင်းမွန်၊ သိမ့်မွေ့တဲ့ အမျိုးသားတွေကို သဘောကျပါတယ်။ အမြဲတမ်းပြုံးနေတတ်ပြီး သဘောကောင်းတဲ့ လူမျိုးကို ရွေးချယ်ချင်ပါတယ်။
Joy
အထက်တန်းကျောင်းသူဘဝမှာပဲ အေဂျင်စီကို ဝင်ခဲ့တော့ ရည်းစားတောင် မထားခဲ့ဖူးပါဘူး။ ဒါကြောင့် အတွဲတွေမြင်ရင် အရမ်းအားကျပါတယ်။ Rock အဆိုတော် Park Wan Kyu လို လူမျိုးကို သဘောကျပါတယ်။
Yeri
မင်းသား Jo In Sung ကို အရမ်းသဘောကျပါတယ်။ ကျွန်မ ငယ်ငယ်ကတည်းက သူ့ကို သဘောကျခဲ့တာ။ ကျွန်မအနေနဲ့ အရာရာကို သတိထားပြီး သိမ့်မွေ့တဲ့လူမျိုးနဲ့ လက်တွဲချင်ပါတယ်။ ကျွန်မအပေါ် ကြင်နာယုယမယ့် သူမျိုးပေါ့။
Ref: Koreaboo