K pop

■ မျှော်လင့်ထားတာတွေ အကုန်ဖြစ်လာကြောင်း ဖွင့်ဟခဲ့တဲ့ BTS အဖွဲ့ဝင်

— – – ဘဝမှာဖြစ်ချင်တာတွေ အများကြီးရှိကြပါတယ်။ ဒါပေမဲ့ အကုန်လုံးဖြစ်ဖို့ကတော့ …

လူတိုင်းမှာ အိပ်မက်တွေ၊ ရည်မှန်းချက်တွေ များစွာရှိပါတယ်။ ဒါပေမဲ့ အားလုံးဖြစ်ဖို့ကတော့ တကယ်ကို ခက်တာပါ။ BTS အဖွဲ့ဝင် Jimin ကတော့ သူ့ရဲ့အိပ်မက်တွေ အကုန်ဖြစ်လာကြောင့် ဖွင့်ဟခဲ့တာပါ။

ARMY Corner Store မှာ Jungkook က BTS အဖွဲ့ဝင်တွေကို ရည်မှန်းထားတာတွေ လက်တွေ့အကောင်အထည် ပေါ်လာသလားလို့ မေးမြန်းခဲ့ပါတယ်။

အဲဒီမေးခွန်းကို Jimin က သူ ရည်မှန်းထားတွေ အားလုံးဖြစ်မြောက်ခဲ့ကြောင်း ဖွင့်ဟခဲ့တာကြောင့် BTS အဖွဲ့ဝင်တွေ အားလုံး အံ့အားသင့်ခဲ့ရတာပါ။

Jimin က “ငါ ငယ်ငယ်တုန်းက အနုပညာကျောင်းတက်ချင်ခဲ့တယ်။ တက်ခဲ့ရတာပဲ။ ဆိုးလ်ကို သွားချင်ခဲ့တယ်။ သွားခဲ့ရတာပဲ။ ပြီးတော့ Audition ဝင်ခဲ့တယ်။ ပြီးတော့ K-Pop အဖြစ် ပွဲထွက်ချင်ခဲ့တယ်။ ထွက်ခဲ့ရတာပဲ။ ပြီးတော့ ဆုတွေ ရချင်ခဲ့တယ်။ ရခဲ့တာပဲလေ”လို့ ပြောဆိုခဲ့တာပါ။

Jimin ရဲ့ စကားတွေကို ကြားပြီးနောက်မှာ BTS အဖွဲ့ဝင်တွေ အံ့အားသင့်ခဲ့ကြပြီး Jungkook ကတော့ သူ့အနေနဲ့ Jimin ကို အတုယူကာ ကြိုးစားမယ်လို့ ဆိုခဲ့ပါတယ်။

Source: BANGTANTV

 

-Zawgyi Version

===========

 

■ ေမွ်ာ္လင့္ထားတာေတြ အကုန္ျဖစ္လာေၾကာင္း ဖြင့္ဟခဲ့တဲ့ BTS အဖဲြ႕၀င္

— – – ဘ၀မွာျဖစ္ခ်င္တာေတြ အမ်ားႀကီးရွိၾကပါတယ္။ ဒါေပမဲ့ အကုန္လုံးျဖစ္ဖုိ႔ကေတာ့ …

လူတုိင္းမွာ အိပ္မက္ေတြ၊ ရည္မွန္းခ်က္ေတြ မ်ားစြာရွိပါတယ္။ ဒါေပမဲ့ အားလုံးျဖစ္ဖုိ႔ကေတာ့ တကယ္ကုိ ခက္တာပါ။ BTS အဖဲြ႕၀င္ Jimin ကေတာ့ သူ႕ရဲ႕အိပ္မက္ေတြ အကုန္ျဖစ္လာေၾကာင့္ ဖြင့္ဟခဲ့တာပါ။

ARMY Corner Store မွာ Jungkook က BTS အဖဲြ႕၀င္ေတြကုိ ရည္မွန္းထားတာေတြ လက္ေတြ႕အေကာင္အထည္ ေပၚလာသလားလုိ႔ ေမးျမန္းခဲ့ပါတယ္။

အဲဒီေမးခြန္းကို Jimin က သူ ရည္မွန္းထားေတြ အားလုံးျဖစ္ေျမာက္ခဲ့ေၾကာင္း ဖြင့္ဟခဲ့တာေၾကာင့္ BTS အဖဲြ႕၀င္ေတြ အားလုံး အံ့အားသင့္ခဲ့ရတာပါ။

Jimin က “ငါ ငယ္ငယ္တုန္းက အႏုပညာေက်ာင္းတက္ခ်င္ခဲ့တယ္။ တက္ခဲ့ရတာပဲ။ ဆုိးလ္ကုိ သြားခ်င္ခဲ့တယ္။ သြားခဲ့ရတာပဲ။ ၿပီးေတာ့ Audition ၀င္ခဲ့တယ္။ ၿပီးေတာ့ K-Pop အျဖစ္ ပဲြထြက္ခ်င္ခဲ့တယ္။ ထြက္ခဲ့ရတာပဲ။ ၿပီးေတာ့ ဆုေတြ ရခ်င္ခဲ့တယ္။ ရခဲ့တာပဲေလ”လုိ႔ ေျပာဆုိခဲ့တာပါ။

Jimin ရဲ႕ စကားေတြကုိ ၾကားၿပီးေနာက္မွာ BTS အဖဲြ႕၀င္ေတြ အံ့အားသင့္ခဲ့ၾကၿပီး Jungkook ကေတာ့ သူ႕အေနနဲ႔ Jimin ကုိ အတုယူကာ ႀကိဳးစားမယ္လုိ႔ ဆုိခဲ့ပါတယ္။

Source: BANGTANTV

 

You cannot copy content of this page