K pop

■ သီချင်းတစ်ပုဒ်လုံးမှာ တစ်ကြောင်းမှ မဆိုခဲ့ရတဲ့ နာမည်ကျော် K-Pop Idol (၇) ဦး

— – – Line distributions နည်းတယ်၊ များတယ်နဲ့ ငြင်းနေကြတဲ့ K-Pop ကမ္ဘာမှာ ဒါက Next Level လို့ …

ဒီနေ့ခေတ်မှာ K-Pop Fan တွေအကြား အငြင်းပွားစရာတွေထဲမှာ အဖွဲ့ရဲ့ သီချင်းတွေထဲမှာ Line distributions လည်း ပါဝင်ပါတယ်။ တချို့ပရိသတ်တွေက အဖွဲ့သီချင်းမှာ သူတို့ Bias တွေ Line distributions နည်းရင် ဒေါသထွက်တာမျိုးရှိပြီး ဒါမျိုးဆိုရင်တော့ …

Joy (Red Velvet)


Red Velvet အဖွဲ့ရဲ့ “Would U” သီချင်းမှာ Joy တစ်ခွန်းမှာ မဆိုခဲ့ရပါဘူး။ SM Station project အမည်အောက်က ထုတ်လွှင့်တဲ့ အဲဒီသီချင်းမှာ Wendy နဲ့ Seulgi တို့က line distribution အများဆုံးရခဲ့ပြီး Joy ကတော့ အဲဒီအချိန်မှာ The Liar and His Lover ဇာတ်လမ်းတွဲရိုက်နေလို့ အသံသွင်းဖို့ အချိန်မရခဲ့ဘူးလို့ ဆိုပါတယ်။

 

Jeonghan (SEVENTEEN)


SEVENTEEN အဖွဲ့ရဲ့ ပွဲထွက်သီချင်း “Adore U” မှာ Jeonghan တစ်ခွန်းမှ မဆိုခဲ့ရပါဘူး။ Woozi နဲ့ DK တို့ line distribution အများဆုံးရခဲ့တဲ့ အဲဒီသီချင်းသွင်းချိန်မှာ Jeonghan နေမကောင်းဖြစ်နေခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။

 

Jun & The8 (SEVENTEEN)


၂၀၁၆ ထုတ် repackage album Love&Letter ပါ “No F.U.N” သီချင်းမှာ Jun နဲ့ The8 တို့ line distribution မရခဲ့ပါဘူး။ အဲဒီသီချင်းမှာ DK နဲ့ Seungkwan တို့က အများဆုံးသီဆိုခဲ့တာပါ။

 

Moonbyul (MAMAMOO)


MAMAMOO ရဲ့ ၂၀၁၅ ထုတ် mini-album Pink Funky က “Sting” ဆိုတဲ့သီချင်းမှာ Moonbyul တစ်ယောက် တစ်လုံးမှ မဆိုခဲ့ပါဘူး။ အဲဒီသီချင်းက Vocal သီချင်းဖြစ်ပြီး Rapper Moonbyul တစ်ခွန်းမှ ဆိုခွင့်မရခဲ့တာပါ။

 

Sehun (EXO)


၂၀၁၅ ထုတ် EXODUS Album ပါ What If သီချင်းမှာ EXO အဖွဲ့ရဲ့ အငယ်ဆုံးအဖွဲ့ဝင်ဖြစ်တဲ့ Sehun တစ်ယောက် line distribution လုံးဝမရခဲ့ပါဘူး။ အဲဒီသီချင်းမှာ D.O. နဲ့ Baekhyun တို့က line distribution အများဆုံးရရှိခဲ့တာ ဖြစ်ပါတယ်။

 

Seolhyun (AOA)


AOA ရဲ့ပွဲထွက်ခေါင်းစီးသီချင်း “Elvis” မှာ AOA ရဲ့ အကျော်ကြားဆုံးအဖွဲ့ဝင် Seolhyun တစ်ယောက် တစ်ခွန်းမှ မဆိုခဲ့ရဘူးဆိုရင် အံ့သြသွားမယ်ထင်ပါတယ်။ ဒါပေမဲ့ အဲဒီသီချင်းမှာ Seolhyun တစ်ခွန်းမှ မဆိုခဲ့ရတာ အမှန်ပဲဖြစ်ပြီး Jimin နဲ့ Choa တို့က line distribution အများဆုံးရခဲ့တာပါ။

Ref: Koreaboo

You cannot copy content of this page