— – – အဲဒီ (၃)ဖွဲ့ထဲက တစ်ဖွဲ့ကတော့ သူတို့အားလုံးသဘောတူ …
TWICE အဖွဲ့ဝင်တွေဟာ သူတို့အနေနဲ့ အကြံဉာဏ်ရယူချင်တဲ့ ကမ္ဘာ့ အမျိုးသမီးအဆိုတော်အဖွဲ့ (၃) ဖွဲ့ကို NME နဲ့ တွေ့ဆုံရာမှာ ဖွင့်ဟခဲ့ကြပါတယ်။
TWICE အဖွဲ့ခေါင်းဆောင် Jihyo က သူ့အနေနဲ့ Destiny’s Child အဖွဲ့ (Beyonce, Kelly Rowland, Michelle Williams တို့ ပါဝင်တဲ့အဖွဲ့)ဆီက အကြံဉာဏ်တွေ ရယူလိုတယ်လို့ ဆိုခဲ့ပါတယ်။
Chaeyong ကတော့ TLC အဖွဲ့လို့ ဆိုခဲ့ပါတယ်။ TLC က ၁၉၉၀ ကျော်ကာလတွေမှာ ကျော်ကြားခဲတဲ့ အမျိုးသမီးအဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ ဒါပေမဲ့ TWICE အဖွဲ့ဝင်တွေအားလုံး သဘောတူညီခဲ့တဲ့အဖွဲ့ကတော့ Wonder Girls ပါပဲ။
Wonder Girls က TWICE အဖွဲ့ရဲ့ JYP Entertainment က စီနီယာအဖွဲ့တစ်ဖွဲ့ဖြစ်ပြီး Billboard Hot 100 မှာ ပထမဆုံးစာရင်းဝင်ခဲ့တဲ့ K-Pop အဖွဲ့လည်း ဖြစ်ပါတယ်။
Source: NME