K pop

■ Instagram က GOT7 နဲ့ JYP ပြဿနာက ဒီလိုပါတဲ့

— – – ပဟေဠိလို့ဖြစ်ခဲ့တဲ့ရတဲ့ GOT7 နဲ့ JYP ရဲ့ ပြဿနာကတော့ BamBam ရဲ့ …

၂၀၂၁ ဇန်နဝါရီမှာ GOT7 အဖွဲ့ဝင်တွေဟာ JYP Entertainment နဲ့ စာချုပ်သက်တမ်းမတိုးဖို့ ဆုံးဖြတ်လိုက်ပြီလို့ JYPE က ကြေညာခဲ့ပါတယ်။ အဲဒီကြေညာချက် ထွက်ပေါ်တဲ့အချိန်နဲ့ မတိမ်းမယိမ်းမှာပဲ Instagram ပြဿနာက ပေါ်ပေါက်ခဲ့တာပါ။

အဲဒီပြဿနာက ဒီလိုပါ။ JYPE ရဲ့ Founder ဖြစ်သူ Park Jin Young (JYP)က GOT7 အဖွဲ့ဝင်တွေဖြစ်တဲ့ BamBam, Jinyoung နဲ့ Mark တို့ unfollow လုပ်ခဲ့ရာက စတာဖြစ်ပြီး BamBam က JYP ကို unfollow ပြန်လုပ်ခဲ့သလို၊ သူ့ IG မှာ JYP နဲ့ ရိုက်ထားတဲ့ပုံကို ဖျက်ပစ်ခဲ့တာပါ။

Vogue Korea နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာတော့ GOT7 အဖွဲ့ဝင် BamBam က Instagram ပြဿနာအပြင် JYP နဲ့ ဆက်ဆံရေးကို ပွင့်ပွင့်လင်းလင်းဖွင့်ပြောခဲ့တာ ဖြစ်ပါတယ်။

BamBam က “အဲဒီပြဿနာက JYP က IG မှာ ကျွန်တော့်ကို အရင် Unfollow လုပ်ခဲ့တာက စတာပါ။ ဒါနဲ့ KBBQ သွားကြတော့ အဲဒီကိစ္စကို JYP ကို ကျွန်တော် မေးခဲ့ပါတယ်။ သူက အဲဒါနဲ့ပတ်သက်လို့ သူ သိတောင် မသိလိုက်ဘူးလို့ ဆိုပါတယ်။ သူက IG သိပ်မသုံးတတ်ပါဘူး။

သူ ကျွန်တော့်ကို Unfollow လုပ်တယ်ဆိုတော့ ကျွန်တော်လည်း တင်းပြီး သူနဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံကို ဖျက်ပစ်လိုက်တာပါ။ အဲဒီအကြောင်း သူ့ကို ကျွန်တော် သူ ရယ်ပါလေရော။ ဒီတော့ ပရိသတ်တွေကို ကျွန်တော် အသိပေးချင်တာက JYP နဲ့ ကျွန်တော်တို့အကြား ဘာပြဿနာမှ မရှိပါဘူး။ သူက collab လုပ်ဖို့တောင် ကျွန်တော့်ကို ပြောပါသေးတယ်”လို့ ဆိုခဲ့ပါတယ်။

ဒါ့အပြင် BamBam က JYP က သူ့ရဲ့ Idol ဘ၀ စတင်ရာဖြစ်တဲ့အတွက် ဘယ်တော့မှ မေ့မှာ မဟုတ်ဘူးလို့လည်း ဆိုခဲ့ပြီး သူ့အနေနဲ့ JYP စားသောက်ဆိုင်မှာ ဘယ်အချိန်ဝင်စားစား ရတယ်လို့လည်း ဆိုခဲ့ပါတယ်။

Ref: Koreaboo

You cannot copy content of this page