K pop

■ ARMY အစား BTS အဖွဲ့ဝင် ပေးဖို့ စဉ်းစားခဲ့တဲ့ Fandom အမည်

— – – ARMY သာမဟုတ်ခဲ့ဘူးဆိုရင် BTS ရဲ့ Fandom အမည်က …

လက်ရှိ K-Pop ရဲ့ အကျော်ကြားဆုံးအဖွဲ့ဖြစ်တဲ့ BTS အဖွဲ့ရဲ့ Fandom အမည်က ARMY ဖြစ်ပြီး တခြားအမည်ဆိုရင် စဉ်းစားရခက်မှာဖြစ်ပေမဲ့ BTS အဖွဲ့ဝင်တွေကတော့ သူတို့ပေးဖို့ စဉ်းစားခဲ့တဲ့ Fandom အမည်တွေကို ဖွင့်ဟခဲ့ကြပါတယ်။

2021 FESTA အထိမ်းအမှတ်အဖြစ် ထုတ်လွှင့်ခဲ့တဲ့ ARMY Corner Store video မှာ BTS အဖွဲ့ဝင်တွေက သူတို့ဖြတ်သန်းခဲ့ကြတဲ့ အကြောင်းတွေ၊ အမှတ်တရတွေကို ပြန်လည်ဆွေးနွေးခဲ့ကြပြီး အဲဒီထဲမှာ Fandom အမည်အတွက် စဉ်းစားခဲ့တာတွေလည်း ပါဝင်တာပါ။

BTS အဖွဲ့ စတင်တုန်းက သူတို့ Fandom အမည်ကို ပေးဖို့ စဉ်းစားရာမှာ Jimin က “Cherry” ဆိုတဲ့ အမည်ကို စဉ်းစားခဲ့ဖူးကြောင်းနဲ့ RM က “Bell” ဆိုတဲ့ အမည်ကိုလည်း ဆန်ခါတင်စာရင်းတင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

သူတို့ဟာ Fandom အတွက် “ARMY, Cherry, Bell” ဆိုတဲ့ အမည် (၃) ခုကို ရည်ရွယ်ခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ ARMY ဆိုတဲ့အမည်ကို ရွေးချယ်ခဲ့တာပါ။ Jin ကတော့ အဲဒီ ARMY ဆိုတဲ့ အမည်က သူတို့ပရိသတ်နဲ့ လုံးဝအံ့ကိုက်ဖြစ်တယ်လို့ ဆိုခဲ့ပြီး Suga က “Ami” ဆိုတဲ့ ပြင်သစ်စကားဟာ “သူငယ်ချင်း”လို့ အဓိပ္ပာယ်ရကြောင်း ပြောဆိုခဲ့ပါတယ်။

Ref: 2021 FESTA

You cannot copy content of this page