K pop

■ TWICE အဖွဲ့ဝင်တွေ ရွေးချယ်တဲ့ အကြိုက်ဆုံး သူတို့ Choreography များ

— – – TWICE အဖွဲ့ရဲ့ Choreography တွေက Iconic ဖြစ်ပေမဲ့ သူတို့ အကြိုက်ဆုံးတွေကတော့ …

TWICE အဖွဲ့ဝင်တွေထဲက (၅)ဦးက သူတို့ရဲ့ သီချင်းတွေထဲက ကြိုက်နှစ်သက်ဆုံး Choreography တွေကို ရွေးချယ်ခဲ့ကြပါတယ်။ သူတို့ရဲ့ ရွေးချယ်မှုတွေက ဘယ်သူက ကိုယ့်နဲ့ထပ်တူကျတယ်ဆိုတာကတော့ အောက်မှာသာ ကြည့်လိုက်ပါတယ်။

Momo – Cry For Me


Cry For Me ကို ဘာလို့လဲဆိုတော့ Intro ပိုင်းမှာ အဖွဲ့လိုက်ကတာ အရမ်းလှလို့ပါပဲ။ ပြီးတော့ choreography က သီချင်းနဲ့ တစ်ထပ်တည်းကျတယ်လို့ ခံစားရပါတယ်။

 

Nayeon – Dance The Night Away


ဒီသီချင်းရဲ့ choreography ခက်ပါတယ်။ ဒါကြောင့် ဒီသီချင်းကို ဖျော်ဖြေရင် အဖွဲ့ဝင်တွေကို ကြည့်ရပြီး မျက်လုံးချင်း ဆုံခွင့်အများဆုံးရတဲ့ သီချင်းဖြစ်လို့ ကြိုက်ပါတယ်။

 

Mina – Firework


Firework ကို စတိတ်ပေါ်မှာ ဖျော်ဖြေတာ ရှားပါတယ်။ ဒါပေမဲ့ ကျွန်မ ဖျော်ဖြေချင်ဆုံးသီချင်းက Firework ပါပဲ။ ဘာလို့လဲဆိုတော့ ဒီသီချင်းရဲ့ကကွက်က ဆွဲဆောင်မှုရှိပြီး Powerful ဖြစ်လို့ပါ။

 

Tzuyu – Cry For Me


Cry For Me ကို ရွေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကကွက်နဲ့ သီချင်းစာသားက ထပ်တူကျလို့ပါ။ ဒီသီချင်းက ဖျော်ဖြေလို့ အကောင်းဆုံးသီချင်းလို့လည်း ကျွန်မ ထင်ပါတယ်။

 

Sana – Fancy


ကျွန်မတို့ အဖွဲ့ဝင်တွေ သီချင်းတွေကို သဘောတူပါတယ်။ ဒါပေမဲ့ ကျွန်မကိုယ်တိုင်ဆိုရင်တော့ Fancy ကို အကြိုက်ဆုံးပါ။ ဘာကြောင့်လဲဆိုတော့ ဒီသီချင်းက ကျွန်မတို့ရဲ့ တခြားသီချင်းတွေရဲ့ Mood ချင်း တော်တော်ကွာခြားလို့ပါ။

Ref: Koreaboo

You cannot copy content of this page