K pop

■ K-Pop အမျိုးသမီးအဖွဲ့တွေထဲမှာ ထူးခြားစံချိန်တစ်ခုကို (၄)နှစ်ဆက် ပိုင်ဆိုင်ခဲ့တဲ့ BLACKPINK

— – – BLACKPINK အဖွဲ့ (၄)နှစ်ဆက်တိုက် ပိုင်ဆိုင်ခဲ့တဲ့ စံချိန်ကတော့ … K-Pop မှာတင်မဟုတ်ပါဘူး။ ကမ္ဘာမှာပါ …

၂၀၁၆ မှာ YG က ပွဲထုတ်ခဲ့တဲ့ BLACKPINK အဖွဲ့ဟာ စံချိန်တွေနဲ့ အမြဲတမ်းပေါင်းဖက်နေတဲ့ အဖွဲ့လို့ ဆိုရမှာဖြစ်ပြီး ပွဲထွက်ကတည်းက လက်ရှိအချိန်ထိ စံချိန်ပေါင်းမြောက်မြားစွာကို ရိုက်ချိုး၊ စံချိန်တွေများစွာ တင်ခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

အခုလည်း BLACKPINK အဖွဲ့ဟာ Spotify မှာ စံချိန်သစ်တစ်ခုကို ရေးထိုးခဲ့ပါတယ်။ ဒါက K-Pop အမျိုးသမီးအဖွဲ့တွေမှာ ဘယ်အဖွဲ့မှ မပိုင်ဖူးတဲ့စံချိန်ဖြစ်သလို၊ ကမ္ဘာမှာ ဘယ်အမျိုးသမီးအဖွဲ့မှာလည်း မရဖူးတဲ့ စံချိန်ပါ။

အဲဒီစံချိန်ကတော့ BLACKPINK အဖွဲ့ဟာ Spotify မှာ ၂၀၁၇ ကနေ ၂၀၂၀ ခုနှစ်အထိ Spotify မှာ နားဆင်မှုအများဆုံး သီချင်းတွေကို (၄)နှစ်ဆက်တိုက် ပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ၂၀၁၇ ကနေ ၂၀၂၀ အတွင်း Spotify မှာ နားဆင်မှုအများဆုံးအမျိုးသမီးအဖွဲ့ သီချင်းတွေကိုကြည့်မယ်ဆိုရင် …

2017
1. As If It’s Your Last – BLACKPINK – 294,6M
2. Reggaetón Lento (Remix) – CNCO, Little Mix – 294,3M
3. Down – Fifth Harmony ft. Gucci Mane – 202M

2018
1. Kiss and Make Up – Dua Lipa with BLACKPINK – 431,2M
2. Woman Like Me – Little Mix ft. Nicki Minaj – 394,8M
3. DDU-DU DDU-DU – BLACKPINK – 389,5M

2019
1. Kill This Love – BLACKPINK – 464,8M
2. Fancy – TWICE – 229,8M
3. Feel Special – TWICE – 186,6M

2020
1. How You Like That – BLACKPINK – 447,8M
2. Ice Cream – BLACKPINK with Selena Gomez – 319,6M
3. Lovesick Girls – BLACKPINK – 227,9M

Ref: SB

You cannot copy content of this page