— – – သူတို့က အပြင်မှာ ချောလွန်းတာကြောင့် မှတ်မိဖို့ အလွန်ခက်တယ်လို့ ….
တချို့ကံကောင်းတဲ့ ပရိသတ်တွေဟာ သူတို့အားပေးတဲ့ K-Pop idol တွေ၊ Celebs တွေနဲ့ လမ်းမှာ မတော်တဆ တွေ့ဖူးတာမျိုးတွေရှိပါတယ်။ သူတို့ (၄)ဦးကတော့ ချောလွန်းတာကြောင့် အပြင်မှာတွေ့ရင်တောင် မှတ်မိဖို့ ခက်တယ်လို့ ဆုံဖူးတဲ့ ပရိသတ်တွေက အခုလိုဖွင့်ဟထားပါတယ်။
Suzy
ဖန်သားပြင်မှာတော့ Suzy က သဘာဝအတိုင်းဖြစ်ပြီး ပုံမှန်လို့ပဲ ထင်ရတယ်။ ဒါပေမဲ့ Suzy က အပြင်မှာ တကယ်လှတာပါ။ သူ့ရဲ့မျက်လုံး၊ နှာချောင်း၊ နှုတ်ခမ်းက အစ မျက်နှာအားလုံးက ဖန်သားပြင်မှာ မြင်ဖူးတာကို ထူးကဲပြီး လှနေတာမျိုးပါ။
Baekhyun
Baekhyun ကို တွေ့ချင်လွန်းလို့ သွားတွေ့ခဲ့တာပါ။ ဒါပေမဲ့ အပြင်မှာ သူ့နဲ့လည်း ပက်ပင်းတွေ့ရော လုံးဝဆွံအသွားတယ်။ TV ထဲမှာ Baekhyun က သိမ့်သိမ့်မွေ့မွေ့နဲ့ အရမ်းချောပေမဲ့ အပြင်မှာဆိုရင် အရာအားလုံးက ထင်ထင်ရှားရှားနဲ့ လှနေတာမျိုး။ လုံးဝကို အံ့သြခဲ့ရတာ။
Taeyeon
Taeyeon က ဖန်သားပြင်မှာ အရမ်းကိုခင်စရာကောင်းတဲ့သူလို့ ထင်ရတယ်။ ဒါပေမဲ့ အပြင်မှာဆိုရင်တော့ အနားကပ်ဖို့တောင် မရဲလောက်အောင် လှတယ်။ မျက်နှာပါဝင်တဲ့ အစိတ်အပိုင်းတိုင်းက အလွန်လှပြီး လုံးဝကို Surreal ပါ။
Park Bo Gum
Park Bo Gum ကို တွေ့တော့ သူမှန်း လုံးဝမမှတ်မိခဲ့ဘူး။ သူ့ကို တွေ့တော့ အကြည့်မလွဲနိုင်လောက်အောင် ငေးနေခဲ့ပြီး ဒီလိုချောတဲ့လူလည်း ရှိသေးတာလားလို့ တွေးနေတာပါ။ သူ အဝေးကို ထွက်သွားပြီး သူများတွေ ပြောတော့မှာ Park Bo Gum ဆိုတာ သိခဲ့ရတယ်။
Source: Theqoo