K pop

■ ဘဝမှာ အခက်ခဲဆုံးအခိုက်အတန့်တွေကို ဖွင့်ဟခဲ့တဲ့ EXO အဖွဲ့ဝင် Xiumin

— – – အဲဒီကာလတွေအတွက် Xiumin အတွက် ထွက်ပြေးချင်လောက်အောင် ကြမ်းတမ်းလွန်း …

Channel S က ထုတ်လွှင့်တဲ့ Drink with God အစီအစဉ်မှာ Xiumin က သူ့ရဲ့ ဘဝအကြောင်းတွေ၊ ရည်မှန်းခဲ့တာတွေကို ဆွေးနွေးခဲ့တာပါ။ အဲဒီမှာ စိတ်ဝင်စားစရာတစ်ခုက ဘဝရဲ့ အခက်ခဲဆုံးအခိုက်အတန့်တွေကို Xiumin က ဖွင့်ဟခဲ့တာပါ။

SM ရဲ့ Audition ကို ဝင်ဖြေတဲ့ သူငယ်ချင်းဖြစ်သူအတွက် အဖော်လိုက်လာရင်း Audition အောင်မြင်ခဲ့ပြီး EXO ဖြစ်လာခဲ့တဲ့ Xiumin က သူဟာ Bodyguard လုပ်ဖို့ ရည်မှန်းထားခဲ့တာလို့ အံ့အားသင့်ဖွယ်ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။

အစီအစဉ်တင်ဆက်သူတွေက ဘဝမှာ အခက်ခဲဆုံးစမ်းသပ်မှုက ဘာများဖြစ်မလဲလို့ Xiumin ကို မေးမြန်းခဲ့ပြီး ပရိသတ်တွေ တော်တော်များများ ခန့်မှန်းနိုင်မယ့်အဖြေကို Xiumin က ပေးခဲ့တာပါ။

Xiumin က “ကျွန်တော် EXO အဖွဲ့နဲ့ ပွဲထွက်ဖို့အတွက် (၃)နှစ်ခွဲလောက် လေ့ကျင့်ခဲ့ရပါတယ်။ အဲဒီတုန်းက အပတ်စဉ် တနင်္ဂနွေနေ့တိုင်းမှာ ကျွန်တော် စာမေးပွဲ ဖြေရတယ်။ အဲဒီက ဘဝမှာ အခက်ဆုံးအရာတွေပါပဲ”လို့ ဖြေခဲ့တာပါ။

အဲဒီမှာ Show တင်ဆက်သူ Sung Shi Kyung က Xiumin ပြောတာ မှန်ကန်ကြောင်းနဲ့ SM ရဲ့ သင်တန်းသားတွေကို အကဲဖြတ်တဲ့ တနင်္ဂနွေစာမေးပွဲတွေဟာ သင်တန်းသားတွေကို အလွန် stress ဖြစ်စေကြောင်း ပြောကြားခဲ့ပါတယ်။

Ref: Koreaboo

You cannot copy content of this page