K pop

■ Idol မဖြစ်ဘဲ Bodyguard ဖြစ်ဖို့ အလွန်နီးစပ်ခဲ့တယ်လို့ ဝန်ခံခဲ့တဲ့ EXO အဖွဲ့ဝင်

— – – Idol ဖြစ်ဖို့ ကံပါလာပေမဲ့ သူ ရည်မှန်းထားခဲ့တဲ့ ပန်းတိုင်ကတော့ …

EXO အဖွဲ့ရဲ့ အသက်အကြီးဆုံးအဖွဲ့ဝင်ဖြစ်တဲ့ Xiumin ဟာ Idol ဖြစ်ဖို့ ကံပါလာသူဖြစ်ပြီး အလွန်ကျော်ကြားတဲ့ ဖျော်ဖြေသူတစ်ဦးဖြစ်ပေမဲ့ သူ ရည်မှန်းခဲ့တဲ့ Career Goal ကတော့ ကွာခြားပါတယ်။

Channel S က ထုတ်လွှင့်တဲ့ Drink with God အစီအစဉ်မှာ Xiumin က သူ့ရဲ့ ဘဝအကြောင်းတွေ၊ ရည်မှန်းခဲ့တာတွေကို ဆွေးနွေးခဲ့တာပါ။ အဲဒီမှာ စိတ်ဝင်စားစရာတစ်ခုက သူဟာ အဆိုတော်ဖြစ်ဖို့ မရည်မှန်းခဲ့ဘူးလို့ Xiumin က ဝန်ခံခဲ့တာပါ။

SM ရဲ့ Audition ကို ဝင်ဖြေတဲ့ သူငယ်ချင်းဖြစ်သူအတွက် အဖော်လိုက်လာရင်း Audition အောင်မြင်ခဲ့ပြီး EXO ဖြစ်လာခဲ့တဲ့ Xiumin က သူဟာ Bodyguard လုပ်ဖို့ ရည်မှန်းထားခဲ့တာလို့ အံ့အားသင့်ဖွယ်ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။

Xiumin က “ပထမတုန်းကတော့ ကျွန်တော် အဆိုတော်ဖြစ်ဖို့ လုံးဝမစဉ်းစားခဲ့ပါဘူး။ ကျွန်တော်ရဲ့ ကနဦးဆန္ဒက Bodyguard ဖြစ်ချင်ခဲ့တာပါ။ အဲဒီအတွက် ကာယပိုင်းဆိုင်ရာစာမေးပွဲဖြေဖို့တောင် ကျွန်တော် ပြင်ဆင်ပြီးပါပြီ”လို့ ဆိုခဲ့ပါတယ်။

အဲဒီမှာ Sung Shi Kyung က “တကယ်လို့ Xiumin က အဲဒီလမ်းကြောင်းကို လိုက်ခဲ့မယ်ဆိုရင် အခုဆို handsome bodyguard ဖြစ်နေမှာပါ။ သူက bodyguard လုပ်ရင်တောင် ကျော်ကြားနေမယ့်သူပါ”လို့ ပြောဆိုခဲ့ပါတယ်။

Ref: Koreaboo

You cannot copy content of this page