K pop

■ အမျိုးသမီးပရိသတ်တွေ များနေတဲ့အပေါ် Krystal ရဲ့ အမြင်

— – – သူ့မှာ ဘာကြောင့် အမျိုးသမီး ပရိသတ်တွေ များနေတယ်ဆိုတာနဲ့ပတ်သက်လို့ Krystal က …

f(x) အဖွဲ့ဝင် Krystal နဲ့ ပြုလုပ်ထားတဲ့ အင်တာဗျူးတစ်ခုကို ပြီးခဲ့တဲ့ရက်ပိုင်းက Netflix Korea က ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီမှာ Krystal အနေနဲ့ အမျိုးသားပရိသတ်ထက် အမျိုးသမီးပရိသတ်တွေ ပိုများနေတာကို အင်တာဗျူးသမားက မေးမြန်းခဲ့တာပါ။

အဲဒီမေးခွန်းကို Krystal က ရယ်ပြီး “ဘာကြောင့်လဲဆိုတာတော့ ကျွန်မလည်း မသိပါဘူး။ ဒါပေမဲ့ အဲဒီအချက်ကို ကျွန်မ သတိထားမိပါတယ်။ ကျေးဇူးပြုပြီး ကျွန်မကို ချစ်ပေးကြပါဦး”လို့ လက်မလေးထောင်ပြီး တောင်းဆိုခဲ့ပါတယ်။

ဆက်ပြီးတော့ အင်တာဗျူးသမား Krystal ဟာ ဖက်ရှင်လောကမှာ နာမည်ကြီးတာကြောင့် စတိုင်လ်နဲ့ပတ်သက်လို့ အကြံပေးဖို့ မေးမြန်းခဲ့ပါတယ်။

ဒါပေမဲ့ Krystal က “ကျွန်မဟာ ဖက်ရှင်ကျတဲ့သူတစ်ယောက် မဟုတ်ပါဘူး။ ကိုယ့်နဲ့သင့်တော်တာကို ဝတ်ဆင်တာက အကောင်းဆုံးလို့ ကျွန်မ ထင်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

Ref: SBS News

 

-Zawgyi Version

============







Ref: SBS News

You cannot copy content of this page