K pop

■ ပရိသတ်တွေ ဆွေးနွေးလို့မဆုံးဖြစ်နေတဲ့ ဘစ်ကနီနဲ့ Jessi အကြောင်း

— – – လန်းသလား … မလန်းသလားတော့ မေးမနေပါနဲ့ … ကိုယ်တိုင်သာ …

Rapper Jessi က သူ့ရဲ့ ခပ်တည်တည်နေထိုင်တတ်တဲ့ပုံစံကြောင့် လူသိများပါတယ်။ အခုတော့ ပရိသတ်တွေက ရေချိုးဇလုံထဲက ဘစ်ကနီနဲ့ မျက်နှာပြောင် Jessi ကို သဘောကျနေကြတာပါ။

Jessi ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက သူ့ရဲ့ Instagram မှာ Sweet & Sour. #fedisummervertigo #fendi” ဆိုတဲ့ စာသားတွေနဲ့အတူ အီတလီ luxury brand Fendi ကို ကြော်ငြာတဲ့ပုံရိပ်တွေကို တင်ခဲ့တာပါ။

ပုံတွေကတော့ မြင်တဲ့အတိုင်း Jessi ကို ရေချိုးဇလုံထဲမှာ မျက်နှာပြောင်နဲ့ မြင်တွေ့ရမှာဖြစ်သလို၊ သူ့ရဲ့ထုံးစံအတိုင်း ဓာတ်ပုံတွေကလည်း ဘစ်ကနီ ခါထွက်နေတာကို မြင်တွေ့ရမှာပါ။

ပရိသတ်တွေကတော့ အဲဒီ ရေချိုးဇလုံထဲက ဘစ်ကနီနဲ့ Jessi အကြောင်းကို ဆွေးနွေးလို့ မရဖြစ်နေကြပါသတဲ့။

Ref: AKP

You cannot copy content of this page