K pop

■ Inkigayo ကို ဖျော်ဖြေမှုက နာကျင်မှုကို မြင်ပြီးနောက် Jeongyeon အတွက် ပရိသတ်များ စိတ်ပူ

— – – ဖျော်ဖြေနေတုန်းမှာ မြင်တွေ့ရတဲ့ Jeongyeon ရဲ့နာကျင်မှုက သိသာလွန်းပြီး ဘာကြောင့် …

TWICE အဖွဲ့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက သူတို့ရဲ့ သီချင်းသစ် Alcohol-Free ကို Inkigayo မှာ ဖျော်ဖြေခဲ့ပါတယ်။ အဲဒီဖျော်ဖြေမှုမှာ TWICE အဖွဲ့ဝင် Jeongyeon ရဲ့ နာကျင်မှုကို အတိုင်းသားမြင်တွေ့ခဲ့ရတာပါ။

Jeongyeon ဟာ အဲဒီဖျော်ဖြေမှုမတိုင်ခင် ပြုလုပ်တဲ့ အင်တာဗျူးအစီအစဉ်မှာ ပါဝင်ခဲ့ခြင်းမရှိဘဲ ပရိသတ်အများစုကတော့ Jeongyeon ဟာ အဲဒီဖျော်ဖြေမှုကို ဒဏ်ရာတွေကြားက ပြုလုပ်သွားလို့ စိုးရိမ်နေကြပါတယ်။

၂၀၂၀ အစောပိုင်းတုန်းက Jeongyeon ဟာ လည်ပင်းဒဏ်ရာကြောင့် အဖွဲ့ရဲ့လှုပ်ရှားမှုတွေကနေ ခေတ္တအနားယူဖူးပြီး လည်ပင်းရိုးနာကျင်မှုကြောင့်လို့ ဝန်ခံခဲ့ဖူးပါတယ်။

ပရိသတ်တွေကတော့ အခုလည်း အဲဒီလည်ပင်းဒဏ်ရာကြောင့် ဖြစ်မယ်လို့ ယူဆနေကြပြီး TWICE အဖွဲ့ရဲ့ ဖျော်ဖြေမှုကို အားရပေမဲ့ Jeongyeon အတွက် စိုးရိမ်နေကြတာပါ။

ပရိသတ်တွေကတော့ နာကျင်မှုတွေကြားထဲက အကောင်းဆုံးကြိုးစားသွားတဲ့ Jeongyeon ကို ကျေးဇူးတင်ကြောင်းနဲ့ အမြန်ဆုံးပြန်လည်သက်သာလာဖို့ ဆုတောင်းခဲ့ကြပါတယ်။

Ref: Koreaboo

 

-Zawgyi Version

===========

■ Inkigayo ကုိ ေဖ်ာ္ေျဖမႈက နာက်င္မႈကုိ ျမင္ၿပီးေနာက္ Jeongyeon အတြက္ ပရိသတ္မ်ား စိတ္ပူ

— – – ေဖ်ာ္ေျဖေနတုန္းမွာ ျမင္ေတြ႕ရတဲ့ Jeongyeon ရဲ႕နာက်င္မႈက သိသာလြန္းၿပီး ဘာေၾကာင့္ …

TWICE အဖဲြ႕ဟာ ၿပီးခဲ့တဲ့ ရက္ပုိင္းက သူတုိ႔ရဲ႕ သီခ်င္းသစ္ Alcohol-Free ကုိ Inkigayo မွာ ေဖ်ာ္ေျဖခဲ့ပါတယ္။ အဲဒီေဖ်ာ္ေျဖမႈမွာ TWICE အဖဲြ႕၀င္ Jeongyeon ရဲ႕ နာက်င္မႈကုိ အတုိင္းသားျမင္ေတြ႕ခဲ့ရတာပါ။

Jeongyeon ဟာ အဲဒီေဖ်ာ္ေျဖမႈမတုိင္ခင္ ျပဳလုပ္တဲ့ အင္တာဗ်ဴးအစီအစဥ္မွာ ပါ၀င္ခဲ့ျခင္းမရွိဘဲ ပရိသတ္အမ်ားစုကေတာ့ Jeongyeon ဟာ အဲဒီေဖ်ာ္ေျဖမႈကို ဒဏ္ရာေတြၾကားက ျပဳလုပ္သြားလုိ႔ စိုးရိမ္ေနၾကပါတယ္။

၂၀၂၀ အေစာပုိင္းတုန္းက Jeongyeon ဟာ လည္ပင္းဒဏ္ရာေၾကာင့္ အဖဲြ႕ရဲ႕လႈပ္ရွားမႈေတြကေန ေခတၱအနားယူဖူးၿပီး လည္ပင္း႐ုိးနာက်င္မႈေၾကာင့္လုိ႔ ၀န္ခံခဲ့ဖူးပါတယ္။

ပရိသတ္ေတြကေတာ့ အခုလည္း အဲဒီလည္ပင္းဒဏ္ရာေၾကာင့္ ျဖစ္မယ္လုိ႔ ယူဆေနၾကၿပီး TWICE အဖဲြ႕ရဲ႕ ေဖ်ာ္ေျဖမႈကုိ အားရေပမဲ့ Jeongyeon အတြက္ စုိးရိမ္ေနၾကတာပါ။

ပရိသတ္ေတြကေတာ့ နာက်င္မႈေတြၾကားထဲက အေကာင္းဆုံးႀကိဳးစားသြားတဲ့ Jeongyeon ကုိ ေက်းဇူးတင္ေၾကာင္းနဲ႔ အျမန္ဆုံးျပန္လည္သက္သာလာဖုိ႔ ဆုေတာင္းခဲ့ၾကပါတယ္။

Ref: Koreaboo

You cannot copy content of this page