K pop

■ ချစ်သူ Lee Kwang Soo ကို အားပေးဝန်းရံခဲ့တဲ့ Lee Sunbin ရဲ့လုပ်ရပ်ကို ပရိသတ်တွေ အလွန်သဘောကျ

– – – တကယ့်ကို လိုက်ဖက်တဲ့ စုံတွဲလို့ ဆိုရမှာဖြစ်ပြီး…

SBS ဟာ ဇွန်လ (၁၃) ရက်နေ့တုန်းက Running Man မှာ Lee Kwang Soo ရဲ့ နောက်ဆုံးအပိုင်းကို ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။

Runner တွေအတွက်တော့ တကယ့်ကိုကြေကွဲစရာ အခိုက်အတန့်ဖြစ်ပြီး ဘယ်လိုမှ ဖြေဆည်နိုင်မှာ မဟုတ်ပါဘူး။ Lee Kwang Soo ကို RM ဖန်သားပြင်ထက်မှာ ဘယ်တော့များမှ ပြန်လည်တွေ့ရမယ်မှန်း မသိတဲ့ ခံစားချက်က ဆိုနင့်စရာပါ။

Lee Kwang Soo ရဲ့ နောက်ဆုံးအပိုင်းမှာ Running Man အဖွဲ့ဝင်တွေက Lee Kwang Soo အပေါ် နှုတ်ဆက်စကားပြောဆိုကြတဲ့ မြင်ကွင်းတွေကလည်း လုံးဝကြေကွဲဖွယ်ရာ အခိုက်အတန့်တွေပဲ ဖြစ်ပါတယ်။

Lee Kwang Soo ကလည်း Instagram မှာ နှုတ်ဆက်စကားပြောဆိုခဲ့ပြီး အနုပညာရှင်တွေ ပရိသတ်တွေကပါ အဲဒီ Post အောက်မှာ မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။ ဒီအထဲမှာ Lee Kwang Soo ရဲ့ချစ်သူ Lee Sunbin လည်း အပါအဝင်ဖြစ်ပါတယ်။

Lee Sunbin ဟာ clapping hands, folding hands, thumbs-up sign အစရှိတဲ့ Emoji (၃) ခုကို ဝင်မန့်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် Lee Sunbin ရဲ့လုပ်ရပ်ကို ပရိသတ်တွေက သဘောကျခဲ့ပြီး လိုက်ဖက်တဲ့ စုံတွဲလို့ ချီးကျူးခဲ့ကြပါတယ်။

Lee Kwag Soo ရဲ့ Post အောက်မှာ Lim Juhwan, SISTAR’s Bora နဲ့ Code Kunst တို့ အပါအဝင် တခြားနာမည်ကျော် အနုပညာရှင်များစွာကလည်း အားပေးစကား ပြောဆိုခဲ့ကြပါတယ်။

-Ref: Koreaboo

You cannot copy content of this page