K pop

■ ပရိသတ်တွေပေးတဲ့လက်ဆောင်ကို လွှင့်ပစ်ခဲ့လို့ ဝေဖန်ခံနေရတဲ့ တက်သစ်စ Idol

– – – ပရိသတ်တွေပေးတဲ့လက်ဆောင်တွေကို လွှင့်ပစ်ထားခဲ့ပုံက…

တက်သစ်စ Idol တွေဖြစ်ကြတဲ့ TO1 အဖွဲ့ဝင် Chan နဲ့ Kyungho တို့ဟာ ပရိသတ်ပေးတဲ့လက်ဆောင်ကို လွှင့်ပစ်ခဲ့ကြလို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

@gigachan18 ဆိုတဲ့ Twitter အကောင့်က အဆိုပါပုံတွေကို သက်သေနဲ့တကွ တင်ခဲ့တာဖြစ်ပြီး အွန်လိုင်းမှာ ပျံ့နှံ့အပြီးမှာ ပြန်ဖျက်ခဲ့ပါတယ်။ အဲဒီဓာတ်ပုံတွေထဲမှာတော့ သူတို့ဟာ ပရိသတ်ပေးတဲ့လက်ဆောင်ကို လွှင့်ပစ်ထားခဲ့တာပါ။

ပရိသတ်တွေပေးတဲ့ လက်ဆောင်တွေအများကြီး ပါဝင်ပြီး ဈေးနှုန်းတံဆိပ်တောင် မဖြုတ်ရသေးတဲ့ ဝမ် ၄၉၈၀၀၀ တန်အဝတ်အစားလည်း ပါဝင်ပါတယ်။ သူတို့ရဲ့ အပြူအမူဟာ အလွန်ရိုင်းစိုင်းတယ်လို့လည်း အဆိုပါ အကောင့်ကနေ တင်ထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ Post ကို Share က 2.9k အထိကျော်သွားခဲ့ပြီး K-pop ပရိသတ်တွေကြား ပျံ့နှံ့သွားခဲ့တာပါ။ အဲဒီနောက် ပရိသတ်တွေရဲ့ သဘောထားက ကွဲလွဲခဲ့ပြီး တချို့ကလည်း Idol တွေအနေနဲ့ သူတို့မလိုချင်တဲ့ပစ္စည်းကို လွှင့်ပစ်တာမျိုးဖြစ်ဖြစ် လုပ်ခွင့်ရှိတယ်လို့ ဆိုခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီလိုမျိုး ရုပ်ပျက်ဆင်းပျက် လွှင့်ပစ်တာမျိုးတော့ မလုပ်သင့်ဘူးလို့ အားလုံးက တစ်ညီတစ်ညွှတ်တည်း မှတ်ချက်ပြုခဲ့ပါတယ်။

-Ref: Koreaboo

You cannot copy content of this page