K pop

■ 5 နှစ်ပြည့် Debut နှစ်ပတ်လည်အတွက် ‘4+1 PROJECT’ အသစ်ထုတ်လွှင့်မယ့် BLACKPINK

—- ‘4+1 PROJECT’ အတွက်….BLINK တွေ ရယ်ဒီပဲလား….

BLACKPINK အဖွဲ့ဟာ သူတို့ရဲ့ 5 နှစ်ပြည့် Debut နှစ်ပတ်လည်အတွက် ပရော့ဂျက်အသစ်ကို ထုတ်လွှင့််မယ်ဆိုပြီး ကြေညာခဲ့ပါတယ်။ အဆိုပါ ပရော့ဂျက်အသစ်ရဲ့ နာမည်ကတော့ ‘4+1 PROJECT’ ဖြစ်ပါတယ်။

BLACKPINK အဖွဲ့ဟာ သြဂုတ်လ 8 ရက်နေ့မှာ တရားဝင် Debut လုပ်ခဲ့တာကြောင့် လာမယ့် သြဂုတ်လ 8 ရက်နေ့ကျရင် 5နှစ်ပြည့် Debut နှစ်ပတ်လည်ဖြစ်ပါတယ်။ YG Entertainment က BLACKPINK အဖွဲ့ရဲ့ ပရော့ဂျက်အသစ်အတွက် ကြေညာခဲ့ပေမယ့် သူတို့ရဲ့ ထုံစံအတိုင်း ဘာ ပရော့ဂျက်လည်းဆိုတာကို လျှို့ဝှက်ထားတာဖြစ်ပါတယ်။

BLINK တွေဟာ BLACKPINK အဖွဲ့ရဲ့ အသစ်တစ်ခုလုပ်တိုင်း လျှို့ဝှက်ချက်တွေနဲ့ဆိုတာကို ရိုးအီ နေပြီဖြစ်ပေမယ့်လည်း အရင်လိုအရင်တိုင်းပဲ ရင်ခုန်စိတ်လှုပ်ရှားနေကြဆဲဖြစ်ပါတယ်။ 5 နှစ်ပြည့် Debut နှစ်ပတ်လည်အတွက် BLACKPINK အဖွဲ့အနေနဲ့ ဘယ်လို စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ပရော့ဂျက်အသစ် ထုတ်လွှင့််မလဲဆိုတာကို လူမှုကွန်ရက်ကနေ တဆင့် စိတ်လှုပ်ရှားနေကြပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page