—- GOT7 အဖွဲ့ဝင် Bam Bam ဟာ ထိုင်းနိုင်ငံနဲ့ ကိုရီးယားနိုင်ငံအကြား သူ့ရဲ့ ပေါ်ပြူလာဖြစ်မှုကို …
ဇွန်လ 15 ရက်နေ့က ပထမဆုံး Solo Album ‘riBBon’ ကိုထုတ်လွှင့်ခဲ့တဲ့ GOT7 အဖွဲ့ဝင် Bam Bam ဟာ ဖက်ရှင်မဂ္ဂဇင်း Allure နဲ့ အင်တာဗျူးမှာ ထိုင်းနိုင်ငံနဲ့ ကိုရီးယားနိုင်ငံအကြား သူ့ရဲ့ပေါ်ပြူလာဖြစ် မှုကို ဖောက်သည်ချခဲ့ပါတယ်။
အင်တာဗျူးအတွင်းမှာ အင်တာဗျူးသူက Bam Bam ကို မွေးရပ်မြေ ထိုင်းနိုင်ငံမှာ ဘယ်လောက်ထိ ပေါ်ပြူလာဖြစ်သလဲဆိုပြီး မေးမြန်းခဲ့တာပါ။
Bam Bam က “ ကိုယ့်ကိုယ်ကို အမွှန်းတင်ရတာတော့ ရှက်စရာကြီးပါ။ ဒါပေမဲ့ အရိုးသားဆုံးပြောရ ရင် ထိုင်းနိုင်ငံမှာ ရောက်နေရင် ကျွန်တော် ဘာမှမလုပ်ရဲသလောက်ပါပဲ။ ဟိုတယ်ကနေတောင် ထွက်လို့မရသလို အိမ်ကိုတောင် မသွားနိုင်ပါဘူး။ နေရာအနှံ့မှာ ကျွန်တော့် ပရိသတ်တွေရှိနေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ကိုရီးယားမှာတော့ ကျွန်တော်လုပ်ချင်တာ လုပ်နိုင်ပါတယ်။ ကိုရီးယားကို ကျွန်တော်ရောက်တဲ့ အခါမှာ ဘယ်သူမှ ကြိုဆိုတဲ့သူမရှိတဲ့ပုံပါပဲ။ အခြားနိုင်ငံတွေထက်စာရင် ထိုင်းမှာတော့ ကျွန်တော်ဘ၀ ကို အကောင်းဆုံး တည်ဆောက်ထားနိုင်တယ်လို့ ဆိုရမှာပါ။
ဒီလိုဆိုလိုက်လို့လည်း ကိုရီးယားကို ပစ်ပယ်တာမဟုတ်ပါဘူး။ ကိုရီးယားဟာ ကျွန်တော်အနုပညာ ဘဝရဲ့အုတ်မြစ်ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ပေါ်ပြူလာဖြစ်မှုကို ထိုင်းနဲ့ ကိုရီးယား ချိန်ခွင်လျှာ ညီမျှ ချင်တာပါ။ ကိုရီးယားမှာ ကျွန်တော့်ကို ပရိသတ်တွေ ပိုသိအောင် ကျွန်တော် ဆက်လက်ကြိုးစား သွားမှာဖြစ်ပါတယ်” လို့ Bam Bam က ဖြေဆိုခဲ့ပါတယ်။
-m2t
Ref: SBSstar