K pop

■ Jin ရဲ့ အောင်မြင်မှုအတွက် အစ်ကိုဖြစ်သူ မနာလိုဖြစ်သလား

—- သိတဲ့အတိုင်းပဲ BTS အဖွဲ့ရဲ့ အောင်မြင်မှုက ကမ္ဘာအနှံ့မဟုတ်လား…World Wide Handsome ကြီး Jin ဟာလည်း ARMY တွေရဲ့ အသည်းကျော်လေးပါ။ Jin မှာ အစ်ကိုတစ်ယောက်ရှိတာ အားလုံး သိကြမှာဖြစ်ပြီး ညီဖြစ်သူရဲ့ အောင်မြင်မှုအတွက် အစ်ကိုဖြစ်သူက မနာလိုဖြစ်သလားဆိုတာ…

ဇွန်လ 11 ရက်နေ့က ဝါရင့် Boy Group God ရဲ့ အဆိုတော် Joon Park ဟာ သူ့ရဲ့ YouTube Channel မှာ ဗီဒီယိုအသစ်တစ်ခုကို တင်ခဲ့ပါတယ်။ အဲဒီဗီဒီယိုက Joon Park ဟာ ဆိုးလ်မြို့မှာရှိတဲ့ BTS နဲ့ပတ်သက်ကာ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်အချို့ကို သွားလည်ရိုက်ကူးခဲ့တာပါ။

Joon Park သွားလည်ခဲ့တဲ့ စားသောက်ဆိုင်တစ်ခုကတော့ Jin ရဲ့ အစ်ကိုဖြစ်သူ Kim Seok Jung ဖွင့် လှစ်ထားတဲ့ စားသောက်ဆိုင်လည်းပါဝင်ခဲ့ပါတယ်။ ဗီဒီယိုထဲမှာ Joon Park ဟာ Jin ရဲ့ အစ်ကိုဖြစ်သူ Kim Seok Jung နဲ့ တွေ့ဆုံခဲ့ပြီး “ မင်းဟာ Jin ရဲ့ အစ်ကိုပဲ။ Jin ရဲ့ အောင်မြင်မှုအတွက် မင်းဘယ် လိုခံစားရသလဲ” လို့ မေးခဲ့ပါတယ်။

Jin ရဲ့ အစ်ကိုဖြစ်သူ Kim Seok Jung က “ ဝမ်းသာတာပေါ့” လို့ ဖြေခဲ့ပေမယ့် Joon Park က နောက်ပြောင်ပြီး “ မင်းမနာလိုဖြစ်နေတာမှတ်လား” လို့ မေးခဲ့ပါတယ်။ Jin ရဲ့ အစ်ကိုဖြစ်သူ Kim Seok Jung က “ နိုးနိုး…ငါမဖြစ်ပါဘူး။ ငါ မနာလိုမဖြစ်ပါဘူး” လို့ ပြန်ဖြေခဲ့ပါတယ်။

နောက်တော့ Joon Park ရဲ့ ဗီဒီယိုထွက်လာပြီးတဲ့နောက်မှာ Jin ရဲ့ အစ်ကိုဖြစ်သူ Kim Seok Jung က သူ့ရဲ့ IG မှာ ဗီဒီယိုလင့်ချ်ကို ရှယ်ပြီး “ Joon Park ခင်ဗျားအနေနဲ့ ကျွန်တော့်ကို Jin ရဲ့ အစ်ကို လို့ မိတ်ဆက်ပေးလိုက်တာကြောင့် ကျွန်တော် ချွေးပြန်ခဲ့ရပါတယ်။ ကျွန်တော့််ကိုသာ Jin ရဲ့ ငယ်ဘ၀ အကြောင်းတွေသာ မေးခဲ့ရင် ကျွန်တော် အကုန်လုံးဖြေမိမှာပဲ” လို့ Caption လည်း ရေးသားခဲ့ပါ တယ်။

-m2t
Ref: SBSstar

You cannot copy content of this page