– – – -SNSD ဟာ အဖွဲ့လိုက် Comback အတွက်လည်းပြင်ဆင်နေတယ်လို့….
SNSD အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Taeyeon ဟာ လာမဲ့ဇူလိုင်လအတွင်း Solo Comeback ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
Taeyeon ဟာ ဇူလိုင်လအတွင်း သီချင်းသစ်ထုတ်ဝေမှာဖြစ်ကြောင်း၊ လတ်တလောမှာ အသံသွင်းနေပြီး သူမရဲ့ Vocal အရည်အချင်းကို ထုတ်ပြနိုင်ဖို့ မျှော်လင့်ထားကြောင်း Xportnews က ဖော်ပြထားပါတယ်။
ပရိသတ်တွေကလည်း SNSD ရဲ့ (၁၄) နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် Comeback ကိုလည်း စောင့်မျှော်နေတာပါ။ Taeyeon အပါအဝင် အဖွဲ့ဝင်တော်တော်များများက ဆံပင်အရောင်သစ်တွေ ပြောင်းလဲထားကြလို့ Comeback အတွက ်ပြင်ဆင်နေတာဖြစ်တယ်လို့ ပရိသတ်တွေက ခန့်မှန်းနေကြတာပါ။
Taeyeon ရဲ့ Solo Comeback သတင်းကို SM Entertainment ကလည်း အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ Comeback နဲ့ ပတ်သက်တဲ့ အသေးစိတ်ကိုတော့ ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။
Taeyeon ဟာ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလအတွင်း (၄) ခုမြောက် Mini Album What Do I Call You ကို နောက်ဆုံးထုတ်လွှင့်ထားခဲ့တာပါ။
-Ref: Koreaboo