K pop
■ Sejeong ရဲ့ ငယ်ဘဝဓာတ်ပုံက ဘယ်သူနဲ့တူသလဲဆိုတာ ပရိသတ်တွေ ဖွင့်ဟ
-UNICODE
– – -Sejeong ရဲ့ ဒီဓာတ်ပုံကို မြင်တဲ့အခါ ပရိသတ်တွေက ပြေးမြင်ခဲ့သူကတော့……
နိုဝင်ဘာ (၂၇) ရက်နေ့မှာတော့ Kim Sejeong က သူမငယ်ဘ၀ ဓာတ်ပုံတစ်ပုံကို Instagram မှာ တင်ခဲ့တာ ဖြစ်ပါတယ်။
Kim Sejeong ရဲ့ အဲဒီဓာတ်ပုံဟာ ပရိသတ်တွေကြား စိတ်ဝင်စားမှုမြင့်တက်ခဲ့ပြီး ကိုရီးယား ကလေးအနုပညာရှင်တစ်ယောက်နဲ့ ဆင်တူတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ ပရိသတ်တွေ ဆင်တယ်ပြောတဲ့သူကတော့ တခြားမဟုတ်ဘဲ The Return of Superman က Chu Sarang ပါပဲ။
ဒီပုံထဲမှာတော့ Sejeong ကို ဘောင်းဘီတို၊ စွပ်ကျယ်နဲ့ ဆံပင်အတိုပုံစံလေးနဲ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Sejeong ဟာ ချစ်စရာကောင်းစွာနဲ့ မျက်စီမှိတ်ပြတဲ့ Pose နဲ့ အိုက်တင်ပေးနေခဲ့တာပါ။
ဒါကို ပရိသတ်တွေက Chu Sarang တစ်ယောက် The Return of Superman မှာ ပါဝင်ခဲ့စဉ်က ဓာတ်ပုံနဲ့ နှိုင်းယှဉ်ပြပြီး ဆင်တူကြောင်း မှတ်ချက်တွေ ပြုခဲ့ကြပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-UNICODE
Ref: Koreaboo
You cannot copy content of this page