– – -BTS ထုတ်ကုန်တွေ၊ အခပေးကြည့်ရတာမျိုးတွေကို မဝယ်နိုင်တဲ့ ARMY တွေအတွက် Jimin က…
2021 Muster Sowoozo ထဲမှာ ARMY တွေရဲ့ ရင်ဖွင့်စကားသံတွေက BTS အဖွဲ့ဝင်တွေအတွက် ဆို့နင့်စရာ ဖြစ်ခဲ့ရပါတယ်။
ARMY တွေက သူတို့အနေနဲ့ BTSရဲ့ တရားဝင်ထုတ်ကုန်တွေ၊ Online Concert တွေကို မဝယ်နိုင်တဲ့အကြောင်း ဖွင့်ဟထားခဲ့ကြတာပါ။ တချို့ဆိုရင် သူတို့အနေနဲ့ တရားဝင် Livestream ကိုဝယ်ကြည့်ဖို့ မတတ်နိုင်လို့ တရားမဝင် အနေအထားမျိုးကနေ Onlin Concert ကို ကြည့်ရှုခဲ့ရကြောင်း ဝန်ခံခဲ့ပါတယ်။
ဒီပရိသတ်တွေအတွက် Jimin ရဲ့ တုံ့ပြန်စကားက ARMY တွေကို ထိရှစေခဲ့ပါတယ်။ Jimin က Weverse မှာ “အားလုံးအဆင်ပြေပါတယ်။ အဲဒီအစား ကိုယ့်ကိုယ်ကိုယ် မမုန်းလိုက်ပါနဲ့။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ ခင်ဗျားကို ကျွန်တော်တို့ ချစ်ပါတယ်”လို့ ရေးသားခဲ့တာပါ။
ဆက်လက်ပြီး Jimin က ကိုရီးယားဘာသာစကားနဲ့ “ခင်ဗျားတို့က ကျွန်တော် အသက်ရှင်တဲ့ အကြောင်းပြချက်ပဲ”လို့ အဓိပ္ပာယ်ရတဲ့ Post တစ်ခုကိုလည်း ထပ်တင်ခဲ့ပါတယ်။ Jimin ရဲ့ အဲဒီသဘောထားကို မြင်တွေ့ခဲ့ရပြီးနောက် ARMY တွေရဲ့နှလုံးသားထိရှခဲ့ပါတယ်။
အားလုံးက Jimin ရဲ့ နူးညံ့တဲ့စိတ်ထားကို ချီးကျူးခဲ့ကြပြီး ARMY တစ်ယောက်က “အခပေး Content တွေကို မဝယ်နိုင်လို့ ကိုယ့်ကိုယ်ကိုယ်စိတ်မကောင်းဖြစ်မိပေမဲ့ Jimin က ငါရဲ့နှလုံးသားကို ထွေးပွေ့ပေးခဲ့တယ်”လို့ မှတ်ချက်ပြုခဲ့ပါတယ်။
-Ref: Koreaboo