K pop

■ ပရိသတ်တွေ တစ်ညီတစ်ညွတ် ထောက်ခံကြတဲ့ K-Pop’s Best Idol-Actors (10) ဦး

— အခုခေတ်မှာ Idol တွေဟာ K-pop Music နယ်ပယ်ကနေ အနုပညာနယ်ပယ်မျိုးစုံကို ကူးပြောင်းနိုင် ပြီး အောင်မြင်မှုတွေလည်းရနေကြတဲ့ ဂျိုကာတွေဖြစ်နေပါပြီ။

အခုဖော်ပြပေးမယ့် စာရင်းကတော့ ပ ရိသတ်တွေအားလုံး တစ်ညီတစ်ညွတ်တည်းထောက်ခံကြတဲ့ K-Pop’s Best Idol-Actors (10)ဦးပဲ ဖြစ်ပါတယ်။ ဒီ Idol-Actors (10)ဦးဟာ သူတို့ရဲ့ သရုပ်ဆောင် Skill တွေကို ထုတ်ပြထားပြီး ပရိသတ် တွေရဲ့ အားပေးမှုကို တခဲနက်ရထားတဲ့သူတွေဖြစ်ပါတယ်။

EXO’s D.O

EXO-L တွေသိကြပါတယ်။ Love-it-or-hate-it Web Drama, “EXO Next Door,” နဲ့ D.O. သရုပ် ဆောင်ပိုင်းမှာ ထူးချွန်နိုင်မယ့်သူလို့ သတ်မှတ်ခံခဲ့ရတာပါ။ တစ်ပေးခဲ့ကြသလိုပဲ D.O. ဟာ သက်သေ ပြခဲ့ပြီး “Hundred Days My Prince” လိုမျိုး ဒရာမာ၊ “Swing Kids” လိုမျိုး ရုပ်ရှင်ကားနဲ့ အောင်မြင် မှုတွေသက်သေထူခဲ့ပါတယ်။ စစ်မှုတာဝန်ထမ်းဆောင်ပြီးရင်လည်း D.O. ရဲ့ သရုပ်ဆောင်မှုတွေကို ပိုမိုတွေ့လာရဦးမှာပါ။

Suzy

Suzy ကတော့ Idol ဘဝကလာတဲ့ မင်းသမီးချောလေးဆိုပေမယ့် လက်ရှိအချိန် သရုပ်ဆောင်ပိုင်းမှာပဲ Active ဖြစ်နေတယ်။ ရိုက်ခဲ့သမျှ ဒရာမာတွေ၊ ရုပ်ရှင်တွေ အကုန်လုံးနီးပါးပေါက်ခဲ့သလို နှစ်စဉ်လည်း ဒရာမာကောင်းတွေနဲ့ ဖမ်းစားနေခဲ့တာပါ။ “Gu Family Book,” “Uncontrollably Fond,” “While You Were Sleeping,” “Vagabond,” စတဲ့ Suzy ရဲ့ ဒရာမာတွေကို မကြိုက်တဲ့ပရိသတ်မရှိဘူးလို့ ဆိုရမှာဖြစ်ပြီး မကြာခင် လာတော့မယ့် “Start-up.” ဒရာမာကိုလည်း ပရိသတ်တွေ မျှော်နေကြပါ တယ်။

IU

Idol နယ်ပယ်မှာလည်း ချစ်စရာကောင်းသလို ရုပ်ရှင်နယ်ပယ်မှာလည်း ချစ်စရာကောင်းတဲ့ IU ကတော့ အားလုံးက ဝိုင်းချစ်ခင် လက်ခံထားကြတဲ့ သရုပ်ဆောင်ကောင်းတစ်ဦးဖြစ်ပါတယ်။ “Dream High” ၊ “The Producers” ၊ “Scarlet Heart Ryeo” “My Mister” ၊ “Hotel del Luna” ဒရာမာတွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့သူပါ။

BTOB’s Sungjae

BTOB အဖွဲ့ဝင် Sungjae ဟာ 2012 ခုနှစ်က Debut လုပ်ခဲ့ပြီး Idol တစ်ဦးအနေနဲ့ ထင်ရှားတဲ့ Visual ၊ လှပတဲ့အသံကြောင့် အောင်မြင်မှုတွေရခဲ့တာပါ။ ရုပ်ရှင်ဘက်ကို ကူးပြောင်းတော့လည်း အားပေးမှုတွေရရှိခဲ့ပြီး “Who Are You: School 2015” ၊ “Guardian: The Lonely and Great God” ဒရာမာတွေဟာ သူ့ရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ဒရာမာတွေလည်းဖြစ်ပါတယ်။

APink’s Eunji

APink အဖွဲ့ဝင် Eunji ဟာလည်း ပရိသတ်တွေ လက်ခံထားတဲ့ Best Idol Actor တစ်ဦးဖြစ်ပါတယ်။ “Reply 1997” ဒရာမာနဲ့ တော်တော်ပေါက်ခဲ့ပြီး အခြားဒရာမာတွေဖြစ်တဲ့ “That Winter, the Wind Blows” ၊ “Cheer Up!” တို့နဲ့လည်း ချစ်ခြင်းတွေရရှိခဲ့ပါတယ်။

2PM’s Ok Taecyeon

2PM အဖွဲ့ဝင် Ok Taecyeon ကတော့ 2nd Generation K-pop Boy Groups တွေအနက် ပေါ်ပြူ လာအဖြစ်ဆုံး Idol တွေထဲမှာ ထိပ်တန်းက ပါဝင်သူပါ။ ဒါ့အပြင် သရုပ်ဆောင်ကောင်းပြီး ယောကျာ်းပီ သ ခန့်ညားချောမောတဲ့ ရုပ်ရည်ကြောင့်လည်း Intel ပရိသတ်တွေအများအပြားပိုင်ဆိုင်ထားသူပါ။ “Dream High” ၊ “Hey Ghost, Let’s Fight” ၊“Who Are You?” ၊ “Save Me” ၊ “The Game: Towards Zero” စတဲ့ ဒရာမာတွေကြည့်ဖူးသူတိုင်း Taecyeon ပရိသတ်တွေ ဖြစ်ကုန်တာပါပဲ။

GOT7’s Jinyoung

GOT7 အဖွဲ့ဝင် Jinyoung ဟာလည်း ပျိုမေတွေရဲ့အသည်းစွဲ Idol Actor တစ်ဦးပါပဲ။ “Dream High 2” နဲ့ Acting Debut ကိုလုပ်ခဲ့ပြီး “Legend of the Blue Sea” ၊ “Melting Me Softly” စတဲ့ ဒရာမာ တွေနဲ့ အောင်မြင်မှုတွေရခဲ့သလို Lead Role နေရာကနေ သရုပ်ဆောင်ခွင့်ရခဲ့တဲ့ “He is Psychometric” ၊ “When My Love Blooms” တို့ကိုလည်း ပရိသတ်တွေ နှစ်သက်ခဲ့ကြပါတယ်။

Super Junior’s Siwon

Siwon ကို Super Junior အဖွဲ့ရဲ့ Perfect Man လို့ ပရိသတ်တွေ ညွှန်းဆိုကြပါတယ်။ အာရှမှာ နာမည်ကြီးမင်းသား Idol တစ်ဦးဖြစ်သလို Hong Kong ၊ China ၊ Japan ၊ Korea စတဲ့ ရုပ်ရှင် ဒရာမာနယ်ပယ်မှာ ကျင်လည်ပြီး ရိုက်ကူးရေးတွေ အမြောက်အများပြုလုပ်ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ နာမည်ကြီး ဒရာမာအချို့ကတော့ “Skip Beat!” ၊ “She Was Pretty” ၊ “Revolutionary Love” နဲ့ “My Fellow Citizens!” တို့ဖြစ်ပါတယ်။

Red Velvet’s Joy

Red Velvet အဖွဲ့ဝင် Joy ဟာ နာမည်ကြီး ဒရာမာ “Descendants of the Sun” မှာ ဧည့်သည်သရုပ် ဆောင်အနေနဲ့ သူမရဲ့ Acting Debut ကို ပြုလုပ်ခဲ့တာပါ။ အဲဒီကနေ တဆင့် “The Liar and His Lover” ၊ “Tempted: The Great Seducer” စတဲ့ ဒရာမာတွေနဲ့ Lead Role အနေနဲ့ သရုပ်ဆောင် Skill တွေကို Joy ထုတ်ဖော်ပြသခဲ့တာပါ။ “Tempted: The Great Seducer” ဟာဆိုရင် ထုတ်လွှင့် တဲ့နှစ်ရဲ့ အမြင့်ဆုံးကြည့်ရှုသူ Drama စာရင်းတွေမှာတောင် ပါဝင်ခဲ့ပါတယ်။

Astro’s Cha Eunwoo

K-pop လောကမှာတောင် Face Genius လို့ထင်ရှားတဲ့ Cha Eunwoo ဟာ ရုပ်ရှင်လောကမှာလည်း ပရိသတ်တွေကို စိတ်မပျက်စေခဲ့ပါဘူး။ ပြီးပြည့်စုံတဲ့ Visual ကို ပိုင်ဆိုင်ထားတာကြောင့် “Gangnam Beauty” ဒရာမာနဲ့ တော်တော်လေးပေါက်ခဲ့ပါတယ်။ “Rookie HIstorian Goo Hae-ryung” ဒရာမာ မှာ သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီး အနည်းငယ်ဝေဖန်ခံခဲ့ရပေမယ့်လည်း မကြာခင်လာတော့မယ့် “True Beauty” Webtoon Drama ဟာ မရိုက်ကူးခင်ကတည်း နာမည်တွေကြီးနေတာဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page