K pop

■ SM,JYP နဲ့ YG တို့အားလုံး လိုချင်ကြတဲ့ K-pop Idol (၈) ဦး

– – – K-pop နယ်ပယ်ရဲ့ နာမည်ကျော် Big 3 ကို ဖမ်းစားနိုင်ခဲ့ကြသူတွေဖြစ်ပြီး…

Dahyun (TWICE)

TWICE အဖွဲ့ဝင် Dahyun ဟာ JYP Entertainment ကို မရောက်ခင် Big 3 အေဂျင်စီအားလုံးမှာ Audition ဝင်ခဲ့ဖူးတာပါ။ Dahyun ရဲ့အရည်အချင်းကို အဆိုပါအေဂျင်စီအားလုံးက သဘောကျခဲ့ပြီး Dahyun ကတော့ JYP ကို ရွေးချယ်ခဲ့ပါတယ်။

DK (iKON)

DK ကလည်း YG ကို မရောက်ခင်ကတည်းက သူ့ရဲ့စွမ်းဆောင်ရည်ကောင်းတွေကြောင့် ထင်ပေါ်သူဖြစ်ပြီး Big 3 အေဂျင်စီအားလုံးက လိုချင်ခဲ့ကြတာပါ။ DK ဟာ SM နဲ့ JYP တို့မှာလည်း Audition အောင်မြင်ခဲ့ပါတယ်။

Park Bo Gum

နာမည်ကျော်မင်းသား Park Bo Gum ကလည်း မူလပထမက Idol ဖြစ်ဖို့ အိပ်မက်မက်ခဲ့တာပါ။ Big 3 အေဂျင်စီအားလုံးမှာ Audition အောင်မြင်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ Park Bo Gum ဟာ သူ့သရုပ်ဆောင်ဘဝကို ပိုမို အားပေးနိုင်မဲ့ Sidus HQ ကိုသာ ရွေးချယ်ခဲ့ပါတယ်။

Yoon Sun Young

Visual ဖြစ်လွန်းပြီး အရည်အချင်းရှိတဲ့ Model Yoon Sun Young ကို Big 3 အေဂျင်စီအားလုံးက လိုချင်တာ အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။

AKMU

K-Kpp Star Season 2 ကနေ အောင်မြင်မှု ရလာခဲ့တဲ့ AKMU အဖွဲ့ကလည်း Big 3 အေဂျင်စီအားလုံးကို ရွေးချယ်ခွင့်ရှိခဲံပြီး နောက်ဆုံးမှာ YG ကို ရွေးချယ်ခဲ့ပါတယ်။

ဒါ့အပြင် TREASURE အဖွဲ့ဝင် Jaehyuk၊ BAE173 အဖွဲ့ဝင် Doha နဲ့ Hyukoh အဖွဲ့ဝင် Oh Hyuk တို့ကလည်း Big 3 အေဂျင်စီအားလုံးကို ဖမ်းစားနိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

-Ref: Koreaboo

You cannot copy content of this page