K pop

■ Chaeyoung အနှစ်သက်ဆုံး မွေးနေ့လက်ဆောင်က Nayeon ဆီက ရတဲ့ Underwear ပါတဲ့

— TWICE အဖွဲ့ဝင် Chaeyoung က သူမအနှစ်သက်ဆုံး မွေးနေ့လက်ဆောင်မှာ Nayeon ဆီက ရတဲ့ Underwear ပါလို့ ဖောက်သည်ချခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ 15 ရက်နေ့က ထုတ်လွှင့်တဲ့ ‘Noon Song of Hope with Kim Shin Young’ အပိုင်း 15 မှာ TWICE အဖွဲ့ဝင်တွေဖြစ်တဲ့ Momo ၊ Chaeyoung နဲ့ Tzuyu တို့ဟာ ဧည့်သည်အနေနဲ့ပါဝင်ခဲ့ ပါကြပါတယ်။

အဲဒီမှာ DJ Kim Shin Young က မကြာသေးခင်က အသက် 22 နှစ်ပြည့်သွားတဲ့ Tzuyu ကို အဖွဲ့ ဝင်တွေဆီကနေ မွေးနေ့လက်ဆောင်ဘာရပြီးပြီလဲလို့ မေးခဲ့တာပါ။ Tzuyu က “ အခုအထိ ကျွန်မ ဘာမှမရသေးပါဘူး။ ကျွန်မတို့ဟာ မွေးနေ့လက်ဆောင်တွေကို ချက်ချင်းမပေးကြပဲ တစ်လလောက် ကြာပြီးတော့မှ ပေးတတ်ကြတာဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

နောက်ပြီးတော့ TWICE အဖွဲ့ဝင်တွေဆီက ရတဲ့ အနှစ်သက်ဆုံးနဲ့ သတိရဆုံး မွေးနေ့လက်ဆောင် က ဘာများဖြစ်မလဲလို့ ထပ်မေးခံရတဲ့အခါမှာတော့ Momo က “ ကျွန်မရဲ့ မွေးနေ့ဟာ ဆောင်းရာ သီမှာပါ။ Mina ဟာ ကျွန်မကို သိုးမွှေးပုဝါလေးလုပ်ပေးခဲ့ပါတယ်။ အဲဒါဟာ ကျွန်မအတွက် အကောင်း ဆုံးမွေးနေ့လက်ဆောင်လို့ထင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Chaeyoung ကတော့ “ Nayeon Unnie ဟာ ကျွန်မ အရွယ်ရောက်တော့ မွေးနေ့လက်ဆောင်အနေ နဲ့ Underwear လက်ဆောင်ပေးခဲ့ပါတယ်။ ဒါဟာ ကျွန်မအတွက် အကောင်းဆုံးမွေးနေ့လက်ဆောင် ပါပဲ။ အရင်တုန်းက ကျွန်မတို့ဟာ မုန့်ဖိုးလေးတွေစုပြီး လက်ဆောင်တွေဝယ်ပေးကြကာ တစ်ယောက် နဲ့ တစ်ယောက်ဂုဏ်ပြုကြတာပါ။ တစ်နှစ်ကို 9ဦးလောက် မွေးနေ့ဂုဏ်ပြုပေးရတာဆိုတော့ ပိုက်ဆံ တွေ လည်း အများကြီးစုရပါတယ်။ အခုထိလည်း ကျွန်မတို့ဟာ တစ်ဦးနဲ့တစ်ဦး ဂရုစိုက်ပြီး ပြုလုပ် နေကြ တာဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page