—- Korea Music Copyright Association (KOMCA) ဟာ 2021 ခုနှစ် ဇွန်လ 15 ရက်နေ့အထိ K-pop လောကအတွင်း Copyright သီချင်းပိုင်ဆိုင်ထားတဲ့ Idol စာရင်းကို Update လုပ်ပြီး ဖော်ပြခဲ့ပါ တယ်။
Korea Music Copyright Association (KOMCA) ရဲ့ဖော်ပြချက်အရ Copyright သီချင်းအများဆုံး ပိုင်ဆိုင်ထားတဲ့ Idol မှာ VIXX အဖွဲ့ဝင် Ravi ပဲဖြစ်ပြီး သူဟာ 197 ပုဒ်နဲ့ ထိပ်ဆုံးက ဦးဆောင်နေဆဲ ဖြစ်ပါတယ်။
Ravi ရဲ့နောက်မှာတော့ PSY က ဒုတိယလိုက်ခဲ့ပြီး Copyright 176 ပုဒ်ရှိခဲ့ပါတယ်။ BIGBANG ရဲ့ သီ ချင်းဖန်တီးသူ G-Dragon ကတော့ 174 ပုဒ်နဲ့ နံပါတ် (3)မှာရပ်တည်ခဲ့သလို BTS အဖွဲ့ဝင် RM က လည်း G-Dragon နဲ့ Copyright အပုဒ်ရေတူကာ နံပါတ် (4)မှာ ရပ်တည်ခဲ့ပါတယ်။
နောက်ထပ် BTS အဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ Suga နဲ့ J-Hope တို့လည်း ပါဝင်လာခဲ့ပြီး Suga က 124 ပုဒ် ဖြစ်ကာ J-Hope ကတော့ 112 ပုဒ်ဖြစ်ပါတယ်။ Copyright အများဆုံးရှိတဲ့ K-pop Idol အများစုဟာ Rapper တွေဖြစ်တာကိုတွေ့ရပါတယ်။
အမျိုးသမီး Idol ဖြစ်တဲ့ IU ကလည်း Copyright 65 ပုဒ်ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ Korea Music Copyright Association (KOMCA) ကထုတ်ပြန်ထားတဲ့ Copyright အများဆုံးပိုင်ဆိုင်ထားတဲ့ Idol 80 စာရင်းကတော့ အောက်မှာဖြစ်ပါတယ်။
-m2t
Ref: Allkpop