K pop

■ Tzuyu နဲ့ Sana တို့ရဲ့ အိပ်တာနဲ့ ပတ်သက်ပြီး ထူးခြားတဲ့အကျင့်တွေကို TWICE အဖွဲ့ဝင်တွေ ဖောက်သည်ချ

– – – အိပ်တာနဲ့ ပတ်သက်ပြီး TWICE အဖွဲ့ထဲမှာ Tzuyu နဲ့ Sana တို့က ထူးခြားတယ်လို့ TWICE အဖွဲ့ဝင်တွေက…

TWICE အဖွဲ့ဟာ Buzzfeed နဲ့ တွေ့ဆုံခဲ့ရာမှာတော့ စိတ်ဝင်စားဖွယ် မေးခွန်းတွေကို အမေးခံခဲ့ရပါတယ်။

TWICE ဟာ Who’s Who ဆိုတဲ့ ဂိမ်းကို ကစားခဲ့ကြတာဖြစ်ပြီး အဲဒီမှာ အိပ်တာနဲ့ပတ်သက်တဲ့ မေးခွန်းနှစ်ခုကို အမေးခံခဲ့ရပါတယ်။ ပထမမေးခွန်းက Weekend မှာ နေမထွက်ခင် ဘယ်သူ အိပ်ယာအစောဆုံးထသလဲ ဆိုတာဖြစ်ပါတယ်။

အဲဒီမှာ TWICE အဖွဲ့ဝင်တွေက မဆိုင်းမတွပဲ Tzuyu ကို လက်ညှိုးထိုးခဲ့ပါတယ်။ Dahyun က Tzuyu နဲ့ ပတ်သက်ပြီး အံ့သြရတဲ့အချက်က သူတို့အနေနဲ့ Music Video ကိုရိုက်တာ ညနက်မှ ပြီးတာတောင် Tzuyu ဟာ နောက်နေ့ဆို (၈) နာရီလောက် အိပ်ယာနိုးနေတတ်ကြောင်း၊ Tzuyu ဟာ လုံးဝမအိပ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ Tzuyu ကတော့ သူမအနေနဲ့ နောက်ကျမှအိပ်ဖြစ်ရင်တောင် နေရောင်က ပြတင်းပေါက်ကိုလာထိုးတာတောင် အိပ်ယာစောစောနိုးကြောင်း ဆိုခဲ့ပါတယ်။

နောက်မေးခွန်းက Weekday မှာ နောက်ကျအထိနေတတ်တဲ့ အဖွဲ့ဝင်က ဘယ်သူလဲဆိုတာပါပဲ။ ဒီမေးခွန်းကိုတော့ TWICE အဖွဲ့ဝင်တွေက တွေဝေခဲ့ကြပြီး သူတို့အားလုံးလိုလိုက နောက်ကျမှ အိပ်ယာဝင်တတ်ကြောင်း ဆိုခဲ့ပါတယ်။

ဒါပေမဲ့ Jihyo က Sana က သတိထားမိသွားပြီး Sana က ဘယ်လောက်ညနက်နက် မက်ဆေ့ချ်ပို့လိုက်ရင် အမြဲတမ်း ချက်ချင်း Reply ပြန်တတ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ Jihyo ရဲ့စကားကို Jeongyeon ကလည်း သဘောတူခဲ့ပါတယ်။

-Ref: Koreaboo

You cannot copy content of this page