K pop

■ Lay ကို အားပေးဝန်းရံခဲ့တဲ့ Sehun နဲ့ Xiumin တို့ရဲ့လုပ်ရပ်ကြောင့် EXO-L တွေ ကြည်နူး

– – -EXO အဖွဲ့ဝင်တွေအချင်းချင်း အားပေး ထောက်ခံတာကို မြင်ရတာက EXO-L တွေအတွက်…

ဇွန်လ (၁၆) ရက်နေ့မှာ EXO အဖွဲ့ဝင်တွေဖြစ်တဲ့ Sehun နဲ့ Xiumin တို့ဟာ လူမှုကွန်ရက်ကနေ Lay ကို အားပေးထောက်ခံမှု ပြုလုပ်ခဲ့ကြပါတယ်။

ဒါကတော့ Lay ရဲ့ Music အေဂျင်စီ Chromosome Entertainment Group အနေနဲ့ Audition ရွေးပွဲကျင်းပမဲ့သတင်းကို Sehun နဲ့ Xiumin တို့က Instagram Story မှာ အသီးသီးတင်ထားခဲ့ကြတာပါ။

ဒီလိုမျိုး EXO အဖွဲ့ဝင်တွေ အချင်းချင်း အားပေးထောက်ခံတာကို မြင်ရတာ ကြည်နူးစရာကောင်းတယ်လို့ ပရိသတ်တွေက မှတ်ချက်ပြုခဲ့ကြပါတယ်။

Chromosome Entertainment Group ဟာ EXO အဖွဲ့ဝင် Lay ပိုင်ဆိုင်တာဖြစ်ပြီး တရုတ်မှာ အခြေစိုက်ကာ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလအတွင်း စတင်တည်ထောင်ခဲ့တာပါ။

-Ref: Koreaboo

You cannot copy content of this page