K pop

■ Music Shows တွေက Visual ဖြစ်လွန်းတယ်လို့ သတ်မှတ်ခံထားရတဲ့ အချောအလှ MC မမများ

– – – Music Show တွက ပရိသတ်တွေရင်ကို အေးအေတဲ့ ချောချောလှလှ MC မမများဖြစ်ကြပြီး…

KBS‘s Music Bank, MBC‘s Show! Music Core နဲ့ SBS‘s Inkigayo တို့ဟာ တောင်ကိုရီးယားရဲ့ နာမည်ကျော် Music Show တွေ ဖြစ်ပါတယ်။

အဲဒီ Show တွေဟာ အပတ်စဉ် သက်ဆိုင်ရာ ရုပ်သံလိုင်းတွေက အသီးသီး ထုတ်လွှင့်လျက်ရှိနေတာပါ။ ဒါကြောင့် အဲဒီမှာ ပရိသတ်တွေအနေနဲ့ အပတ်စဉ်တိုင်း နတ်မိမယ်အချောအလှလေးတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

Music Bank – Oh My Girl’s Arin

Oh My Girl အဖွဲ့ဝင် Arin ဟာ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လကတည်းက TXT အဖွဲ့ဝင် Soobin နဲ့အတူ MC အဖြစ် ဆောင်ရွက်ခဲ့တာပါ။ သူမရဲ့ ဆွဲဆောင်မှုရှိနေတဲ့ ပုံစံတွေ၊ အပြုံးလှလှလေးတွေက ပရိသတ်တွေရဲ့ ရင်ကိုအေးမြစေတာပါ။

Show! Music Core – Kim Minju

IZ*ONE အဖွဲ့ဝင်ဟောင်း Kim Minju ကတော့ Show! Music Core မှာ ၂၀၂၀ ခုနှစ်၊ ဇွန်လကတည်းက MC အဖြစ် ဆောင်ရွက်နေတာပါ။ Produce 48 မှာကတည်းက Visual ကြောင့် ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ Minju ဟာ အပြစ်ကင်းစင်တဲ့ သူမရဲ့မျက်နှာလေးကြောင့် Show! Music Core မှာလည်း အားပေးမှုများစွာကို ရရှိထားပါတယ်။

Inkigayo – Ahn Yujin

နောက်ထပ်ယောက်ကလည်း IZ*ONE အဖွဲ့ဝင်ဟောင်း Ahh Yujin ဖြစ်ပါတယ်။ Ahn Yujin ဟာ ဖေဖော်ဝါရီလမှာ Inkigayo မှာ MC အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ သူမရဲ့ ဖြတ်လက်သွက်လက်ပြီး စကားပြောကောင်းတဲ့ပုံစံကြောင့် MC အလုပ်နဲ့ လုံးဝလိုက်ဖက်တယ်လို့ ပရိသတ်တွေက ချီးကျူးခဲ့ကြပါတယ်။

-Ref: Koreaboo

You cannot copy content of this page