Celebrity

■ ‘Penthouse’ အပါအဝင် ပေါ်ပြူလာဖြစ်တဲ့ K-Drama ကြည့်ခဲ့တဲ့ မြောက်ကိုရီးယားလူငယ် (၄)ဦး ထောင်ဒဏ်နှစ်များစွာ ချမှတ်ခံရ

—- မြောက်ကိုရီးယားမှာ K-Drama တွေရော K Music တွေရော Ban ထားပြီး မကြာသေးခင်က ပေါ်ပြူဖြစ်တဲ့ K-Drama ကြည့်ခဲ့တဲ့ မြောက်ကိုရီးယား လူငယ်လေးဦးဟာ…

မြောက်ကိုရီးယားလူငယ်တွေဟာ ‘Penthouse’ ဒရာမာအပါအဝင် ပေါ်ပြူလာဖြစ်တဲ့ တောင်ကိုရီးယား ဒရာမာတွေကို ကြည့်ခဲ့ပါက ထောင်ဒဏ် 10 နှစ်ကနေ 12 နှစ်အထိ ချမှတ်ခံရမယ်လို့ Daily NK သ သတင်းစာက ဖော်ပြခဲ့ပါတယ်။

Daily NK ရဲ့ ဖော်ပြချက်အရ မကြာသေးခင်က ပြုံးယမ်းမြို့တရားရုံးမှာ မြောက်ကိုရီးယားလူငယ် (4) ဦးဟာ တောင်ကိုရီးယားဒရာမာကို ကြည့်မိခဲ့လို့ တရားရင်ဆိုင်ခဲ့ရပြီး ထောင်ဒဏ်ချမှတ်ခံရတယ်လို့ သိရပါတယ်။

အဆိုပါ မြောက်ကိုရီးယားလူငယ် (4)ဦးဟာ ဇွန်လ 3ရက်နေ့က တောင်ကိုရီးယားဒရာမာတွေ ကြည့် ရှုနေတာကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ အဆိုပါ လူငယ် 4 ဦးဟာ မေလ 25 ရက်နေ့က မွေးနေ့ရှင် သူငယ်ချင်းတစ်ဦးရဲ့ မွေးနေ့ပွဲကို အောင်ပွဲခံတဲ့အနေနဲ့ မိုးချုပ်တဲ့အထိ ကိုရီးယားဒရာမာတွေကို အတူ တကွကြည့်ရှုခဲ့ကြတာပါ။

နောက်ပြီး သူတို့နဲ့အတူ စတစ်ထဲမှာ တောင်ကိုရီးယား ရုပ်ရှင် 30 ကျော်နဲ့ ပေါ်ပြူလာဒရာမာဖြစ်နေတဲ့ ‘Penthouse.’ အပါအဝင် K Music Video တွေပါတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ အဆိုပါ လူငယ် (4)ဦး ဟာ Labor Camp မှာ ထောင်ဒဏ် 10 နှစ်ချမှတ်ခံခဲ့ရပြီး မွေးနေ့ရှင်တစ်ဦးကတော့ 12 နှစ်ဆက် တိုက် မွေးနေ့ပွဲကို တစ်ဦးတည်းကျင်းပရမယ်လို့ ချမှတ်ခံခဲ့ရပါတယ်။

-m2t
Ref: Kstarlive

You cannot copy content of this page