— YG Entertainment ဟာ သူတို့ရဲ့ အသက်ငယ်ဆုံး Artist တစ်ဦးဖြစ်တဲ့ ကလေးသရုပ်ဆောင် Park Soi ရဲ့ Profile ပုံအသစ် စီးရီးလိုက်ကို ထုတ်ပြန်ခဲ့ပါတယ်။
YG Entertainment ဟာ ကလေးသရုပ်ဆောင် Park Soi ရဲ့ Profile ပုံအသစ် စီးရီးလိုက်ကို ဇွန်လ 17 ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။ Park Soi ဟာ 2012 ခုနှစ်ဖွား အသက် (9)နှစ်အရွယ်ဖြစ်ပြီး YG Entertainment ရဲ့ အသက်ငယ်ဆုံး သရုပ်ဆောင်တစ်ဦးလည်းဖြစ်သလို အနာဂတ်ကြယ်ပွင့်သရုပ် ဆောင်လို့လည်း သတ်မှတ်ခံထားရတာဖြစ်ပါတယ်။
Park Soi ဟာ သရုပ်ဆောင်အဖြစ် 2018 ခုနှစ်က တီဗီစီးရီး ‘Mistress’ မှာ Debut လုပ်ခဲ့တာပါ။ 2020 ခုနှစ်မှာ ထုတ်လွှင့်ခဲ့တဲ့ ‘Deliver Us from Evil’ နဲ့ ‘Pawn’ သရုပ်ဆောင်ခဲ့ Park Soi ရဲ့ အခန်း ကဏ္ဍဟာ ပရိသတ်တွေရဲ့ နှစ်သက်မှုနဲ့ ချစ်ခင်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။
အသက် 10 နှစ်မပြည့်သေးတာတောင် ဒရာမာနဲ့ ရုပ်ရှင်ပေါင်း 19 ခုရိုက်ကူးပြီးထားပြီဖြစ်ပြီး အနာဂတ် ရဲ့ ကြယ်ပွင့်လို့ သတ်မှတ်ခံထားရတာပါ။ Park Soi ဟာ 2019 ခုနှစ် ဧပြီလက YG Entertainment နဲ့ စာချုပ်ချုပ်ခဲ့ပြီး အေဂျင်စီရဲ့ Artist တစ်ဦးဖြစ်လာသူဖြစ်ပါတယ်။
-m2t
Ref: Kstarlive