— BTS အဖွဲ့ရဲ့ နှစ်ရက် Muster Concert ‘Soo Woo Zoo’ ဟာ ဝင်ငွေ ဘယ်လောက်ရရှိသလဲလို့ ထင်ပါသလဲ…
BTS အဖွဲ့ဟာ သူတို့ရဲ့ Online Concert ဖြစ်တဲ့ ‘BTS 2021 Muster Soo Woo Zoo’ ကို နှစ်ရက် တာအောင်မြင်စွာကျင်းပသွားခဲ့ပြီးဖြစ်ပြီး ဝင်ငွေကလည်း 79 ဘီလီယံဝမ် (ကန်ဒေါ်လာ သန်း 70 ဝန်း ကျင်ခန့်)ရရှိခဲ့တယ်လို့ သိရပါတယ်။
BTS အဖွဲ့ဟာ သူတို့ရဲ့ 8နှစ်ပြည့် Debut နှစ်ပတ်လည်အတွက် ဇွန်လ 13 ရက်နဲ့ 14 ရက်မှာ ‘BTS 2021 Muster Soo Woo Zoo’ Online Concert ကို ကျင်းပခဲ့တာဖြစ်ပြီး Concert တစ်ရက်ကို မိနစ် 130 ၊ သီချင်း 15 ပုဒ် ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။
Big Hit ရဲ့ ထုတ်ပြန်ချက်အရ နှစ်ရက် Concert မှာ ကမ္ဘာနိုင်ငံအနှံ့က 1.33 သန်း ARMY တွေ ကြည့် ရှုအားပေးခဲ့ကြတယ်လို့ သိရပါတယ်။ BTS ရဲ့ Online Concert လက်မှတ်ဈေးနှုန်းတွေမှာ (HD resolution) အတွက် 49,500 ဝမ်၊ (5K resolution) အတွက် 59,500 ဝမ် ဖြစ်ပါတယ်။ BTS ရဲ့ Concert လက်မှတ် ရောင်းချမှုမှာ 65.835 ဘီလီယံဝမ်ကနေ 79.135 ဘီလီယံဝမ် အကြားဖြစ်ခဲ့တယ် လို့သိရပါတယ်။
လက်မှတ်ရောင်းဈေး၊ Marchandise တွေ၊ Light Stick ရောင်းရမှုတွေအပါအဝင် 80 ဘီလီယံဝမ် ကျော် Big Hit က ဝင်ငွေရရှိခဲ့တာဖြစ်ပါတယ်။
မကြာသေးခင်က BTS ရဲ့ Butter သီချင်းသစ်ဟာ Billboard Hot 100 မှာ 3 ပါတ် ဆက်တိုက် #1 ရပ်တည်ပြီး စံချိန်သစ်တင်ပြီးတဲ့နောက် HYBE Corporation ရဲ့ စတော့ပ်ရှယ်ယာတွေကလည်း 4 ရက်အတွင်း များစွာမြင့်တက်သွားခဲ့တယ်လို့ သိရပါတယ်။
-m2t
Ref: Kstarlive