K pop

■ Music သာမဟုတ်ရင် Momo ပြုလုပ်နေမဲ့အရာကို TWICE အဖွဲ့ဝင်တွေ ခန့်မှန်း

– – -Music မဟုတ်ဘူးဆိုရင် ဒီအရာက Momo နဲ့ လုံးဝလိုက်ဖက်မှာ ဖြစ်တယ်လို့ TWICE အဖွဲ့ဝင်တွေက…

TWICE ဟာ Seventeen နဲ့အင်တာဗျူးမှာတော့ စိတ်ဝင်စားဖွယ် မေးခွန်းအကြောင်းအရာတွေကို ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

အဲဒီမှာ မေးခွန်းတစ်ခုက “သီချင်းသာ မလုပ်ဘူးဆိုရင် အခုဘာလုပ်နေမလဲ”ဆိုတာပါပဲ။ ဒီမေးခွန်းကို ဘယ်သူ့မှမဖြေခင်မှာ Jihyo က Momo ကို “Momo ရေ..TikTok စတားလုပ်နေမယ်လို့ နင်ပြောခဲ့သေးတယ်မလား”လို့ လှမ်းပြောခဲ့ပါတယ်။

Jihyo ရဲ့စကားကို TWICE အဖွဲ့ဝင်တွေကလည်း သဘောကျသွားခဲ့ပြီး ဒီအရာဟာ Momo နဲ့ လုံးဝကွက်တိလိုက်ဖက်နေမယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။ Nayeon ကတော့ အသေးစိတ်ပုံဖော်ပေးခဲ့ပြီး အဲဒီလိုကျရင် Momo ဟာ နာမည်ကျော်လာမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

“K-pop ကို နှစ်သက်တဲ့ ဂျပန်သူလေးပေါ့။ သူက TikTok မှာ နာမည်ကျော်မှာပေါ့ အဲဒီလိုကျရင် ငါတို့အားလုံးလည်း Momo ကို သိမယ်ထင်တယ်”လို့ Nayeon က ဆိုခဲ့တာပါ။

-Ref: Koreaboo

You cannot copy content of this page