– – – သူမဟာ အဲဒီ BTS အဖွဲ့ဝင်အကြောင်း ပြောကြားစဉ်မှာ လုံးဝရှက်သွေးဖြာနေခဲ့တာ တွေ့ရပြီး…..
ကိုရီးယားနိုင်ငံရဲ့ အားလုံးချစ်ရတဲ့ အသည်းကျော် ဘောလီဘောမယ်လေး Lee Da Yeong ကတော့ BTS ရဲ့ အမာခံပရိသတ် ARMY တစ်ယောက်ပဲ ဖြစ်ပါတယ်။
တလောတုန်းက လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ဲတဲံ့ ဗီဒီယိုအတိုအထွာဖိုင်လေးတစ်ခုမှာတော့ Lee Da Yeong က သူမကြွေရတဲ့ BTS အဖွဲ့ဝင်တစ်ယောက်အကြောင်း ဖွင့်ဟခဲ့ပါတယ်။ အဲဒီအဖွဲ့ဝင်ကတော့ တခြားမဟုတ်ဘဲ BTS အဖွဲ့ဝင် Jin ပါပဲ။
အင်တာဗျူးသူက “BTS အဖွဲ့ဝင် Jin က ဒီနေ့ မင်းကစားခဲ့တဲ့ပွဲကိုမြင်တဲ့အကြောင်း ပြောကြစို့”လို့ ဆိုခဲ့ပါတယ်။ အဲဒီနောက် Lee Da Yeong က “ဘယ်လို..နေပါဦး။ သူတကယ် မြင်ဖို့ ကျွန်မ မျှော်လင့်တယ်”လို့ တုံ့ပြန်ခဲ့ပါတယ်။
“Jin ကို တစ်ခုခုပြောချင်တာများမရှိဘူးလား”လို့ အမေးခံရစဉ်မှာတော့ Lee Da Yeong က “I Love You”လို့ ဆိုခဲ့ပါတယ်။ နောက်ဆုံးမှာ Lee Da Yeong က အလွန်ရှက်နေခဲ့ပြီး အူလှိုက်သည်းလှိုက်သဘောကျနေခဲ့တာကို တွေ့ရပါတယ်။
ဒီဗီဒီယိုလေးကို မြင်ပြီးနောက်မှာ ARMY တွေကလည်း Lee Da Yeong ပုံစံလေးကို သဘောကျခဲ့ပြီး ချစ်စရာကောင်းတယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *