– – – Lisa အရင်းနှီးအဖွဲ့ဝင်ကတော့ တခြား မဟုတ်ဘဲ……
BLACKPINK အဖွဲ့ဝင်တွေဟာ တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ရှိနေကြတာ ဖြစ်ပါတယ်။
Line TV ရဲ့ အင်တာဗျူးအစီအစဉ်မှာ BLACKPINK အဖွဲ့ဝင် Lisa ပါဝင်ခဲ့ရာမှာတော့ စိတ်ဝင်စားဖွယ် မေးခွန်းများစွာကို ဖြေဆိုခဲ့ပါတယ်။ အဲဒီအထဲကမှ မေးခွန်းတစ်ခုကတော့ အရင်းနှီးဆုံး အဖွဲ့ဝင်က ဘယ်သူလဲဆိုတာပါပဲ။
အစပိုင်းမှာတော့ Lisa က သူ့အနေနဲ့ BLACKPINK အဖွဲ့ဝင်တိုင်းနဲ့ ရင်းနှီးကြောင်း ဆိုခဲ့ပါတယ်။ “ကျွန်မက အဖွဲ့ဝင်အားလုံးနဲ့ ရင်းနှီးပါတယ်”လို့ Lisa က ဖွင့်ဟခဲ့တာပါ။
ဒါပေမဲ့ တစ်ယောက်တည်းကိုပဲ ရွေးချယ်ရမယ်ဆိုရင် Rosé ကို ရွေးမယ်လို့ Lisa က ဖွင့်ဟခဲ့ပါတယ်။ Rosé နဲ့ သူမတို့ဟာ အသက်တူရွယ်တူတွေဖြစ်ပြီး အရာရာကို တစ်ယောက်နဲ့တစ်ယောက် ဖွင့်ပြောလေ့ရှိတယ်လို့ Lisa က ဆိုပါတယ်။
Dorm တစ်ခုတည်းမှာ နှစ်ယောက်သား အတူတူနေတာကလည်း Lisa နဲ့ Rosé တို့ကြားက ဆက်ဆံရေး၊ သံယောဇဉ်ကို ပိုမိုခိုင်မာစေပါတယ်။ Rose’ နဲ့ အပြင်ကိုထွက်ပြီး စားသောက်ကြလေ့ရှိတယ်လို့လည်း Lisa က ထုတ်ဖော်ခဲ့ပါတယ်။
ဒါပေမဲ့ BLACKPINK အဖွဲ့ဝင်တွေအားလုံးကတော့ ချစ်ချစ်ခင်ခင်နဲ့ တစ်ယောက်နဲ့တစ်ယောက် စည်းစည်းလုံးလုံးရှိတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *