K pop

■ ဇွန်လ Boy Group Member Brand Reputation Rankings မှာ ထိပ်ဆုံးက ဦးဆောင်ခဲ့သူများ

— ဇွန်လအတွက် Boy Group Member Brand Reputation Rankings (၃၀)ဦးစာရင်းကို Korean Business Research Institute ထုတ်ပြန်ခဲ့ပြီဖြစ်ပါတယ်။

Korean Business Research Institute ဟာ မေလ 19 ရက်နေ့ကနေ ဇွန်လ 19 ရက်နေ့အထိ K-pop Boy Group Member (632)ဦးရဲ့ ကြော်ငြာရိုက်ရမှုတွေ၊ မီဒီယာပေါ်မှာ ပရိသတ်တွေကို လွှမ်းမိုးနိုင်မှု၊ ကျော်ကြား မှုတွေ စတဲ့ အချက်အလက်တွေကို တွက်ချက်ကာ တစ်လအတွင်း လူကြိုက်အများဆုံး (သို့) Brand Reputation ဒီစာရင်းကိုထုတ်ပြန်တာလည်းဖြစ်ပါတယ်။

ဒီလမှာလည်း ထိပ်ဆုံးက ပုံမှန်ရပ်တည်နေကြဖြစ်တဲ့ BTS အဖွဲ့ဝင် Jimin က Reputation Index (6,416,266) ရရှိခဲ့ပြီး 30 လဆက်တိုက် ထိပ်ဆုံးမှာဦးဆောင်နိုင်ခဲ့ပါတယ်။ Jimin ရဲ့ နောက် ဒုတိယနေရာမှာ တော့ BTS အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ V ကပဲ Reputation Index (4,480,880) ရရှိခဲ့ပြီး ရပ်တည်ခဲ့ပါတယ်။

နံပါတ် (3)မှာတော့ 2PM အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Junho က Reputation Index (3,743,920) ရရှိခဲ့သလို အခြား BTS အဖွဲ့ဝင်တွေဖြစ်တဲ့ Jungkook က နံပါတ် (4)မှာရပ်တည်ခဲ့သလို Jin ၊ Suga ၊ RM တို့ (6 ၊ 7 ၊ 8) တို့မှာ အသီးသီးရပ်တည်ခဲ့ကြပါတယ်။

ဇွန်လအတွက် Boy Group Member Brand Reputation (30)ဦးစာရင်း

1# BTS’s Jimin ၊ 2# BTS’s V ၊ 3# 2PM’s Junho ၊ 4# BTS’s Jungkook ၊ 5# ASTRO’s Cha Eun Woo ၊ 6# BTS’s Jin ၊ 7# BTS’ Suga ၊ 8# BTS’s RM ၊ 9# SHINee’s Jonghyun ၊ 10# Highlight’s Yoon Doojoon

11# BTS’s J-Hope ၊ 12# Super Junior’s Kim Heechul ၊ 13# SHINee’s Taemin ၊ 14# SF9’s Dawon ၊ 15# SHINee’s Minho ၊ 16# TVXQ’s Yunho ၊ 17# Highlight’s Lee Gikwang ၊ 18# NCT’s Mark ၊ 19# BIGBANG’s G-Dragon ၊ 20# SF9’s Rowoon

21# MONSTA X’s Shownu ၊ 22# JYJ’s Kim Jaejoong ၊ 23# EXO’s D.O. ၊ 24# SHINee’s Key ၊ 25# 2PM’s Wooyoung ၊ 26# TVXQ’s Changmin ၊ 27# NCT’s Jisung ၊ 28# GOT7’s Jinyoung ၊ 29# TXT’s Taehyun ၊ 30# TXT’s Beomgyu

-m2t
Ref: Soompi

You cannot copy content of this page