K pop

■ M Countdown သမိုင်းမှာ EXO နဲ့ ပူးတွဲစံချိန်တင်ခဲ့တဲ့ TWICE

—- TWICE အဖွဲ့ဟာ M Countdown သမိုင်းမှာ EXO အဖွဲ့နဲ့ ပူးတွဲရပ်တည်နိုင်တဲ့ စံချိန်တစ်ခုကို စိုက်ထူခဲ့…

နာမည်ကြီး K-pop အဖွဲ့တွေထဲက အပါအဝင်ဖြစ်တဲ့ EXO နဲ့ TWICE အဖွဲ့တို့ဟာ Music Shwo Win တွေအများဆုံးရရှိထားကြတာ ပရိသတ်တွေအားလုံးလည်းသိပါတယ်။ မကြာသေးခင်ကလည်း EXO နဲ့ TWICE အဖွဲ့တို့ဟာ Comeback အသီးသီးလည်း ပြုလုပ်ထားကြတာပါ။

ဇွန်လ 7 ရက်နေ့က EXO က Don’t Fight The Feeling ထွက်ရှိထားသလို 2 ရက်အကြာမှာပဲ TWICE အဖွဲ့က Alcohol-Free ထုတ်လွှင့်ထားတာပါ။

ဇွန်လ 17 ရက်နေ့က TWICE အဖွဲ့ရဲ့ Alcohol-Free ဟာ M Countdown မှာ ရမှတ် 10,123 နဲ့ TXT ရဲ့ 0X1=LOVESONG ကိုအနိုင်ရပြီး ပထမဆုံး Music Show Win ကို ရရှိခဲ့ပါတယ်။ ဒီ Music Show Win ဟာ TWICE အဖွဲ့ရဲ့ Comeback ပထမဆုံး Music Show Win ရခဲ့တာပါ။

ဒီလို Music Show Win ရရှိခဲ့တဲ့ TWICE အဖွဲ့ဟာ M Countdown သမိုင်းမှာ Win 25 ကြိမ်အထိ ရရှိခဲ့ပြီး Win အများဆုံးရရှိတဲ့ အမျိုးသမီးအဖွဲ့အဖြစ် စံချိန်တင်ခဲ့သလို EXO နဲ့အတူ Win (25)ကြိမ် ရရှိတဲ့ K-pop အဖွဲ့အဖြစ်လည်း ပူးတွဲရပ်တည်ခဲ့ပါတယ်။

M Countdown သမိုင်းမှာ EXO နဲ့ TWICE အဖွဲ့တို့က Music Show Win အများဆုံးရရှိထားတဲ့ အဖွဲ့ အဖြစ်ရပ်တည်ပြီး သူတို့ပြီးရင် BIGBANG က 23 Win ၊ Girls’ Generation အဖွဲ့က 18 Win ရရှိထား ကြပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page