—- ကတုံး Park Seo Joon နဲ့ Han So Hee တို့ဟာ ဒရာမာသစ်အတွက် အတူတူသရုပ်ဆောင်ဖို့ လက်ခံလိုက်ရင်…
ဇွန်လ 17 ရက်နေ့က SportsToday ဟာ မင်းသမီး Han So Hee အနေနဲ့ “Gyeongseong Creature” ဒရာမာအသစ်မှာ အဓိကမင်းသမီးနေရာကနေ သရုပ်ဆောင်ဖို့ ကမ်းလှမ်းမှုကို ရရှိထားလို့ ဖော်ပြခဲ့ပါတယ်။
“Gyeongseong Creature” ဒရာမာအသစ်ဟာ သည်းထိရင်ဖိုဒရာမာတစ်ခုဖြစ်ပြီး ‘Dr. Romantic’ screenwriter Kang Eun Kyung နဲ့ ‘Stove League’ ဒါရိုက်တာ Jung Dong Yoon တို့ ဖန်တီးကြ မှာဖြစ်ပါတယ်။
အဆိုပါသတင်းတွေနဲ့ပတ်သက်ပြီး Han So Hee ရဲ့ အေဂျင်စီ 9ato Entertainment က “ Han So Hee ဟာ ‘Gyeongseong Creature’ ဒရာမာအတွက် ကမ်းလှမ်းမှုကို ခံထားရတာ အမှန်ပဲဖြစ်ပါ တယ်။ သူမဟာ လက်ရှိအချိန် ဒရာသစ်အတွက် စဉ်းစားသုံးသပ်နေပါတယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့လကလည်း ‘Gyeongseong Creature’ ဒရာမာ Male Lead Jang Tae Sang နေရာအတွက် မင်းသား Park Seo Joon က ကမ်းလှမ်းခံထားရပြီး ဆွေးနွေးနေကြတယ်လို့ သတင်းတွေ တက်လာ ခဲ့ပါတယ်။
-m2t
Ref: Soompi