K pop

■ IZ*ONE အဖွဲ့အနေနဲ့ Debut ပြန်လုပ်နိုင်တယ်လို့ အတွင်းသတင်းတွေအရ သိရ

— IZ*ONE အဖွဲ့ဟာ ပရိသတ်တွေရဲ့ အရှေ့ကို ပြန်ရောက်လာဖွယ်ရှိပြီး အတွင်းသတင်းတွေအရ အေဂျင်စီတွေဟာ အဖွဲ့ကို Re-Debut ပြန်လုပ်ဖို့ ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။

ဇွန်လ 18 ရက်နေ့က CJ ENM ဟာ IZ*ONE အဖွဲ့အနေနဲ့ Re-Debut လုပ်ဖို့ ဆွေးနွေးနေကြတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ IZ*ONE အဖွဲ့ဟာ ဧပြီလ 29 ရက်နေ့က အဖွဲ့ကို တရားဝင်ဖျက်သိမ်းခဲ့ပြီး အဖွဲ့ ဝင်တွေကိုယ်စီဟာ သက်ဆိုင်ရာ အေဂျင်စီတွေဆီ ပြန်ရောက်သွားခဲ့ကြပါတယ်။

မကြာသေးခင်ကတော့ အတွင်းသတင်းတွေအရ IZ*ONE အဖွဲ့ဝင်တွေဟာ သီးသန့်လှုပ်ရှားမှုလုပ် တာထက် Group လုပ် ပြုလုပ်တာကိုပဲအလိုရှိခဲ့ကြပြီး ပြန်လည် Debut လုပ်ဖို့ကို အေဂျင်စီတွေအား လုံး ဆွေးနွေးနေခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ အတွင်းသတင်းတွေကို CJ ENM က “ IZ*ONE အဖွဲ့ဝင်တွေရဲ့ အေဂျင်စီအားလုံးနဲ့ ပြန်လည် ပေါင်းစည်းနိုင်ဖို့ ဆွေးနွေးနေကြတယ်ဆိုတဲ့ သတင်းတွေဟာ အမှန်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ တရားဝင် တော့မဟုတ်သေးပါဘူး။ ပရိသတ်တွေရ့ IZ*ONE ပြန်လာဖို့ ငွေကြေးစုဆောင်းတဲ့ ပရော့ဂျက်တွေကို လည်း သတိထားမိပါတယ်။ ဒါပေမဲ့လည်း IZ*ONE သာ ပြန်လာခဲ့မယ်ဆိုရင် ပရိသတ်တွေရဲ့ စု ဆောင်းမှုကို အသုံးပြုမှာမဟုတ်ဘဲ CJ ENM က ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်” လို့ ထုတ်ပြန်ခဲ့ပါ တယ်။

-m2t
Ref: Allkpop

You cannot copy content of this page