K pop

■ Park Bogum နာမည် ယူသုံးနေတာ ရပ်တန်းကရပ်တော့မယ်လို့ Min Seo ကတိပေး

– – -Min Seo ဟာ Park Bogum ကို mention လုပ်လို့ ဝေဖန်မှုတွေလည်း ရင်ဆိုင်ခဲ့ရသူဖြစ်ပြီး…

နာမည်ကျော်မင်းသား Park Bogum နဲ့ တူတယ်လို့ နာမည်ကြီးတဲ့ Min Seo ဟာ သူ့အနေနဲ့ Park Bogum ရဲ့နာမည် ယူသုံးနေတာ ရပ်တန့်က ရပ်တော့မယ်လို့ ကတိပေးခဲ့ပါတယ်။

ဇွန်လ (၁၆) ရက်နေ့တုန်းက Min Seo ဟာ Youtube Channel မှာ ဗီဒီယိုတစ်ခုတင်ခဲ့တာပါ။ Min Seo ဟာ ကျောင်းသားတစ်ဦးဖြစ်ပြီး ပရိသတ်တွေကတော့ သူဟာ Park Bogum နာမည်နဲ့ နာမည်ကြီးချင်သူလို့ ယူဆလျက်ရှိနေတာပါ။

Min Seo ဟာ အသစ်တင်ရှိထားတဲ့ ဗီဒီယိုရဲ့ description မှာ “ဒီဗီဒိယိုကို လွန်ခဲ့တဲ့ ၂ လတုန်းက ရိုက်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော် အလုပ်များနေခဲ့လို့ ခင်ဗျားတို့နဲ့ မတွေ့ခဲ့ရပါဘူး။ ကျွန်တော့်အနေနဲ့ ဒီမင်းသား (Park Bogum )ရဲ့နာမည်ကို ဒီထက်ပိုပြီး mention မလုပ်တော့ပါဘူး”လို့ ရေးသားထားခဲ့တာပါ။

ဆက်လက်ပြီး Min Seo က သူ့အနေနဲ့ ရူးနှမ်းတဲ့အရာတွေကို များစွာ လုပ်မိခဲ့ကြောင်း၊ လူတွေ ကျိန်ဆဲချင်အောင် လုပ်မိတဲ့အတွက် နောင်တရမိကြောင်း၊ Youtube ကို အသုံးပြုတော့မှာ မဟုတ်ကြောင်းလည်း ဖွင့်ဟခဲ့ပါတယ်။

-Ref: Koreaboo

You cannot copy content of this page