K pop

■ အနုပညာ DNA နဲ့ မွေးဖွားလာတယ်လို့ သတ်မှတ်ခံထားရတဲ့ K-pop နယ်ပယ်ထဲက မွေးချင်းများ

— K-popနယ်ပယ်ထဲတော့ တချို့တွေဟာ မွေးချင်းအလိုက် အောင်မြင်နေတာ တွေ့ရပြီး…

အောင်မြင်တဲ့ K-pop Idol တစ်ယောက်ဖြစ်ဖို့ လုံးဝမလွယ်ကူလှဘူးဆိုတာ အားလုံးအသိပါ။ အဲဒီလို မလွယ်ကူလှတဲ့ကြားကပဲ တချို့ကတော့ မွေးချင်းအလိုက ်အောင်မြင်နေတာပါ၊ အနုပညာ DNA နဲ့ မွေးဖွားလာကြသူတွေလို့ တင်စားရမှာဖြစ်ပြီး အဲဒီလို မွေးချင်းအတွဲတွေကို News Inside က ဖော်ပြထားခဲ့ပါတယ်။

Jessica and Krystal

K-pop နယ်ပယ်ရဲ့ နာမည်ကျော် ညီအစ်မနှစ်ဦးလို့ ပြောရင်မှားမယ်မထင်ပါဘူး။ နှစ်ယောက်စလုံး အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားရုံမက ညီအစ်တွေပီပီ အတွဲညီကြလို့ သူတို့နှစ်ယောက်တွဲလှုပ်ရှားမှုတွေကို ပရိသတ်တွေ အချစ်ပိုရစမြဲပါ။

Chanhyuk and Suhyun

သူတို့နှစ်ယောက်ကတော့ AKMU ဆိုပြီး နှစ်ယောက်တည်း အဖွဲ့တစ်ဖွဲ့ဖွဲ့စည်းထားတာပါ။ တစ်ယောက်တစ်မျိုး အရည်အချင်းရှိကြပြီး နားလည်မှုရှိရှိ၊ အတွဲမိမိနဲ့ အောင်မြင်မှုကို ရယူထားပါတယ်။

Han Sunhwa and Han Seungwoo

SECRET အဖွဲ့ဝင်ဟောင်း Han Sun Hwa နဲ့ VICTON အဖွဲ့ဝင် Han Seung Woo ကလည်း မွေးချင်းတွေဖြစ်ကြပြီး Visual တွေကြောင့် ထင်ရှားသူတွေ ဖြစ်ကြပါတယ်။

Kim Jae Kyung and Kim Jae Hyun

Rainbow အဖွဲ့ဝင် Jaekyung နဲ့ N.Flying အဖွဲ့ဝင် Jaehyun တို့ကလည်း ချစ်စရာကောင်းတဲ့ မွေးချင်းတွေဖြစ်ကြပါတယ်။ တစ်ခါတုန်းက Jaehyun က သူ့အစ်မဖြစ်သူက ကောင်လေး (၃၀၀) လောက်နဲ့ဒိတ်ခဲ့ဖူးကြောင်း အရွှန်းဖောက်ခဲ့ပါသေးတယ်။

Chaeyeon and Chaeryoung

သူတို့နှစ်ယောက်ကလည်း TWICE အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့တဲ့ SIXTEEN မှာကတည်း နာမည်ကျော်တဲ့ K-pop နယ်ပယ်ထဲက မွေးချင်းတွေဖြစ်ကြပြီး အခုတော့ သက်ဆိုင်ရာအဖွဲ့တွေမှာ နာမည်ကြီးပြီးအောင်မြင်မှု

ရယူထားနိုင်ခဲ့ကြပါပြီ။

-Ref: Koreaboo

You cannot copy content of this page