K pop

■ ဒိတ်လုပ်ချင်တဲ့ အနုပညာရှင်ကို Jisoo ဖွင့်ဟခဲ့စဉ်က

– – – Jisoo ရဲ့ ဖွင့်ဟချက်က ဘယ်မှ မထင်မှတ်ထားတဲ့ ပွဲကျစရာလည်း ဖြစ်ခဲ့ပါတယ်။

BLACKPINK အဖွဲ့ဝင် Jisoo ဟာ အလွန်ချောမောလှပပြီး ဆွဲဆောင်မှုရှိလွန်း၊ Visual ဖြစ်လွန်းတဲ့ Idol တစ်ယောက်ဆိုရင် မမှားပါဘူး။ အထူးသဖြင့် Jisoo ပြုံးလိုက်ရင် အလွန်ချစ်စရာကောင်းတယ်လို့ BLINK တွေက ဆိုကြပါတယ်။

Jisoo ဟာ တစ်ခါတုန်းက Running Man အစီအစဉ်မှာ ပါဝင်ခဲ့ရာမှာတော့ သူမ ဒိတ်ချင်တဲ့ အနုပညာရှင်ကို ဖွင့်ဟခဲ့ပါတယ်။ ဒိတ်ချင်တဲ့ (၃) ယောက်က ဘယ်သူတွေလဲလို့ Rose’က Jisoo ကို မေးမြန်းခဲ့တာပါ။

အဲဒီအခါ Jisoo က “Ha Ha, Kim Jong Kook နဲ့ Lee Kwang Soo”တို့ ပြန်ဖြေခဲ့ပါတယ်။ အဲဒီအခါ Haha က “ငါ့မှာ ပိုင်ရှင်ရှိတယ်လေ”လို့ ပြန်ပြောခဲ့ရာမှာတော့ လျင်လျင်မြန်မြန်ပဲ သူမ မှားသွားခဲ့တာလို့ ပြန်ပြောခဲ့ပါတယ်။

Jisoo ရဲ့ ပြောဆိုနေပုံလေးက ချစ်စရာကောင်းလွန်းတဲ့အတွက် အားလုံးပွဲကျခဲ့ရတာကိုလည်း တွေ့ရပါတယ်။

-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း
မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page