— – – YG ရဲ့ တင်းကျပ်တဲ့ စည်းကမ်းတွေအကြောင်းကို Bobby ပြောပြခဲ့ရာမှာတော့ သူတို့ဟာ …
MBC ရဲ့ Radio Star အစီအစဉ်မှာ iKON အဖွဲ့ဝင် Bobby တစ်ယောက် ဧည့်သည်အဖြစ် ပါဝင်ခဲ့ပါတယ်။ အဲဒီမှာ Bobby က သူတို့အဖွဲ့အကြောင်း၊ YG Entertainment အကြောင်းကို ပြောပြခဲ့တာပါ။
YG Entertainment ဟာ မိသားစုလို နွေးထွေးတဲ့ အေဂျင်စီဖြစ်ပေမယ့် လိုက်နာရတဲ့ စည်းကမ်းတွေကတော့ အတော်များတယ်လို့ Bobby က ဆိုပါတယ်။
“YG Entertainment က လွတ်လပ်ပြီး မိသားစုဆန်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ လိုက်နာရတဲ့ စည်းကမ်းတွေကတော့ တော်တော်လေးကို များတာပါ။ ကျွန်တော်တို့ Dorm ရှေ့မှာ Convenience Store ရှိပါတယ်။ အဲဒီမှာ တစ်ခုခု လိုချင်တာရှိလို့ သွားဝယ်ရင်တောင် ကျွန်တော်တို့အနေနဲ့ မန်နေဂျာကို ပြောပြီးမှာ သွားလို့ရပါတယ်”- Bobby
အဲဒီနောက်မှာ Bobby က Dating နဲ့ပတ်သက်လို့ YG Entertainment က တင်းကျပ်တဲ့စည်းမျဉ်းတွေ ချမှတ်ထားပြီး အဲဒီစည်းမျဉ်းကို သူ့တို့အတွက် မပယ်မချင်း iKON တွေဟာ FA တွေ ဖြစ်နေဦးမယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ကို YG က Dating နဲ့ပတ်သက်ပြီး ပိတ်ပင်ထားပါတယ်။ အေဂျင်စီတစ်ခုတည်းဖြစ်ပေမယ့် BLACKPINK အဖွဲ့ဝင်တွေနဲ့တောင် ကျွန်တော်တို့ တွေ့ခွင့်မရှိပါဘူး။ တကယ်လို့ တွေ့ခဲ့မယ်ဆိုရင် ကျွန်တော်တို့ အဆူခံရမှာပါ” – Bobby
— ဃဲ
Source: Radio Star