K pop

■ ဘယ်သူမှ မလိုက်နာကြလို့ Dating စည်းမျဉ်းကို ပြောင်းလဲခဲ့ရတဲ့ JYP

— – – JYP က အနုပညာရှင်တွေ ဘယ်သူမှ မလိုက်ကြနာလို့ Dating စည်းမျဉ်းနဲ့ပတ်သက်လို့ ပြောင်းလဲခဲ့ရကြောင်း Park Jin Young က ဆိုပါတယ်။

K-pop Idol တွေရဲ့ ဘဝကို ဆွဲချနိုင်တဲ့အရာတွေထဲမှာ Dating က ထိပ်ဆုံးက ပါဝင်ပါတယ်။ Dating နဲ့ပတ်သက်လို့ တချို့ Idol ကို ပရိသတ်တွေ ကြည်ဖြူကြပေမယ့် လက်မခံနိုင်တာက အဆပေါင်းများစွာ ပိုများတာပါ။

ဒါကြောင့် အေဂျင်စီတွေဟာ သူတို့ရဲ့ Idol တွေနဲ့၊ သင်တန်းသားတွေကို Dating နဲ့ ပတ်သက်လို့ တင်းကျပ်တဲ့ စည်းမျဉ်းတွေ ချမှတ်ထားလေ့ရှိပြီး အဲဒီထဲမှာ JYP Entertainment လည်း တစ်ခုအပါအဝင်ပါပဲ။

ဒါပေမဲ့ Dating စည်းမျဉ်းနဲ့ပတ်သက်လို့ သူ့ဆီက အနုပညာရှင်တွေ ဘယ်သူမှ မလိုက်ကြလို့ ပြောင်းလဲခဲ့ရတဲ့အကြောင်းကို Park Jin Young က အင်တာဗျူးတစ်ခုမှာ ဖွင့်ဟခဲ့ပါတယ်။

“ကျွန်တော်တို့ JYP Entertainment မှာ အနုပညာရှင်တွေကို ပွဲထွက်ပြီး (၅)နှစ်အတွင်း လုံးဝဒိတ်မလုပ်ကြဖို့ စည်းကမ်းထုတ်ထားခဲ့တာပါ။ ဒါပေမဲ့ အဲဒီစည်းကမ်းကို ဘယ်သူမှ မလိုက်ကြပါဘူး။ ဒါကြောင့် ကျွန်တော့်အနေနဲ့ Dating စည်းမျဉ်းကို (၅)နှစ်ကနေ (၃)နှစ်သို့ လျှော့ချခဲ့ရပါတယ်” – Park Jin Young

ဒါကြောင့် JYP Entertainment က အနုပညာရှင်တွေအနေနဲ့ ပွဲထွက်ပြီး (၃)နှစ်ပြည့်တဲ့အခါ သူတို့ ချစ်တဲ့သူနဲ့ တရားဝင် Date လုပ်နိုင်မှာ ဖြစ်ပြီး ဒါကို ပရိသတ်တချို့ကတော့ သူတို့အားပေးတဲ့ အနုပညာရှင်တွေ Date လုပ်မှာကို စိုးရိမ်နေကြပါတယ်။

— ဃဲ
Ref: Pann

You cannot copy content of this page