K pop

■ JYP, YG နဲ့ SM တို့ လိုချင်တဲ့ အရည်အချင်းများ

— – – ကိုရီးယားရဲ့ BIG 3 အဖြစ် နာမည်ကြီးတဲ့ JYP, YG နဲ့ SM တို့ဟာ အနုပညာရှင်တွေ ရှာတဲ့အခါ ဒီအချက်တွေကို ကြည့်ပြီး ရှာတာ ဖြစ်ပါတယ်။

JYP Entertainment, YG Entertainment နဲ့ SM Entertainment တို့ဟာ အရမ်းအောင်မြင်တဲ့ K-pop အဖွဲ့တွေ၊ အနုပညာရှင်တွေကို မွေးထုတ်ပေးနိုင်တာကြောင့် တောင်ကိုရီးယားမှာ BIG 3 အဖြစ် နာမည်ကြီးပါတယ်။

JYP, YG နဲ့ SM တို့ဟာ အနုပညာရှင်တွေကို ရွေးချယ်တဲ့အခါ ဒီအချက်တွေကို အဓိကထားပြီး ရွေးတယ်လို့ သူတို့ကိုယ်တိုင် ပြောပြထားတာ ဖြစ်ပါတယ်။

JYP Entertainment


“အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ကျန်းမာကြံ့ခိုင်သူတွေကို ကျွန်တော် သဘောကျပါတယ်။ တကယ်လို့ သီချင်းအဆိုစွမ်းရည်နဲ့ အကစွမ်းရည် ဘယ်လောက်ပဲ ကောင်းနေပါစေ သူတို့ဟာ မကျန်းမာဘူး၊ ရွှင်လန်းတက်ကြွမှုမရှိဘူးဆိုရင်တော့ ကျွန်တော် ဘာမှ မကူညီပေးနိုင်ပါဘူး။ skill နဲ့ personality နှစ်ခုမှာ တစ်ခုခု ချွတ်ယွင်းနေရင် ကျွန်တော် ကူညီပေးလို့ ရပါတယ်။ ဒါပေမဲ့ ဒီအရည်အချင်းနှစ်ခုလုံးရှိသူကို ကျွန်တော် လိုချင်တာပါ။ ပိုက်ဆံရှာတာ အရေးပါတယ်။ ဒါပေမဲ့ ဒီအလုပ်ကို ကြိုက်ဖို့ လိုပါတယ်” — Park Jin Young

 

YG Entertainment


“YG ကို ဝင်မယ်ဆိုရင် ပါရမီ ရှိရမယ်။ အလုပ်ကြိုးစားရမယ်။ လူကောင်းတစ်ယောက် ဖြစ်ရမယ်။ ပြီးတော့ ဂီတအပေါ် ရူးသွပ်ရမယ်။ ကိုယ့်ရလာတဲ့ အခွင့်အရေးကို စိတ်လှုပ်ရှားစွာနဲ့ အမိအရ ဆုပ်ကိုင်နိုင်သူဖြစ်ရမယ်” — Yang Hyun Suk

 

SM Entertainment


“သင်တန်းသားတွေနဲ့ နောက်ကျမယ်။ အေဂျင်စီက ချမှတ်ထားတဲ့ စည်းမျဉ်းကို ချိုးဖောက်ခဲ့ပေမယ့် အကလေ့ကျင့်ရေးခန်းမှာ (၁၀)ခေါက် ပတ်ပြေးရမယ်။ ထိုင်ထလုပ်ရင်း သီချင်းဆိုရမယ်။ တစ်ခါတလေ သီချင်းဆိုတဲ့အချိန်မှာ တစ်ယောက်ယောက်က ကိုယ့်ဗိုက်ကို ထိုးနေတာမျိုးလည်း ရှိတယ်။ ကိုယ်မှားတာ ရှိရင် မှားတာကို ချရေးရတယ်။ ကိုယ့်အမှားကို ကိုယ်မသိမချင်း သူတို့က လေ့ကျင့်ခွင့်မပေးဘူး”— SM Entertainment သင်တန်းသားဟောင်း

— ဃဲ
Ref: KB

You cannot copy content of this page