K pop

■ K-pop Idol တွေကို လုပ်ခွင့်မရှိဘူးလို့ အေဂျင်စီတွေ ပိတ်ပင်ထားတဲ့ အရာ(၅)ခု

— – – K-pop အေဂျင်စီတွေ စည်းကမ်းတင်းကြပ်ကြောင်း ကြားဖူးကြပါလိမ့်မယ်။ ဒါကို Idol တွေကိုယ်တိုင်က ထုတ်ပြောထားကြတာဖြစ်ပြီး တချို့ဆို စကားပြောတာတောင် …

K-pop Idol တွေနဲ့ သင်တန်းသားတွေအတွက် အေဂျင်စီတွေ ချမှတ်ထားတဲ့ စည်းကမ်းတွေက အရမ်းများပါတယ်။ တချို့အချက်တွေဆိုရင် အံ့သြဖို့တောင် ကောင်းတယ်လို့ ဆိုရမှာပါ။ စည်းမျဉ်းစည်းကမ်းတွေက အေဂျင်စီအလိုက် ကွာခြားမှုတွေ ရှိပါတယ်။

ဒီမှာတော့ K-pop အေဂျင်စီတွေ အဓိကပိတ်ပင်တဲ့ အချက် (၅)ချက်ကို ဖော်ပြပေးသွားမှာပါ။

၁- ဝိတ်တက်စေတဲ့ အစားအသောက်များကို ပိတ်ပင်ခြင်း


K-pop Industry မှာ Idol တွေရဲ့ ဝိတ်(အလေးချိန်)ကို အလွန်အရေးပါတယ်။ ဒါကြောင့် Idol တွေကို ဝိတ်တက်စေမယ့် အစားအသောက်တွေကို လူလိုက်ပြီး ပိတ်ပင်ထားတာမျိုးရှိပါတယ်။ RM ကို ပဲခေါက်ဆွဲမစားဖို့ Big Hit က ပိတ်ပင်ထားတယ်လို့ ကိုရီးယားမီဒီယာတွေက ဖော်ပြကြပါတယ်။

၂- ကလပ်နဲ့ ဘားများကို သွားခွင့်မရှိ


အေဂျင်စီတော်တော်များများက သူတို့ Idol တွေ၊ သင်တန်းသားတွေကို ကလပ်နဲ့ ဘားတွေ သွားတာကို ပိတ်ပင်ထားကြပါတယ်။ သူတို့ တက်သစ်စတုန်းက ကလပ်နဲ့ ဘားသွားခွင့်ကို YG Entertainment က ပိတ်ပင်ခဲ့တယ်လို့ BLACKPINK အဖွဲ့က JYP Party People မှာ JYP ကို ပြောပြဖူးပါတယ်။

၃- စကားပြောခွင့်မရှိ


တချို့အေဂျင်စီတွေ K-pop အဖွဲ့တွေမှာ လျှို့ဝှက်အဖွဲ့ဝင်ဆိုပြီး ထားတာမျိုးတွေ ရှိပါတယ်။ ဒါကို mysterious image လို့ ခေါ်ပါတယ်။ INFINITE အဖွဲ့ဝင် L က သူ INFINITE အဖွဲ့နဲ့ပွဲထွက်တုန်းက Woollim Entertainment က mysterious concept ကို လိုက်နာစေခဲ့ပြီး စကားမပြောဖို့ တားမြစ်ဖူးတယ်လို့ ဆိုပါတယ်။

၄- ကားမောင်းခွင့်မရှိ


နာမည်ကျော် YG Entertainment က သူတို့ရဲ့ အေဂျင်စီက အနုပညာရှင်တွေကို ကားမောင်းခွင့်ပိတ်ပင်ထားတယ်လို့ သိရပါတယ်။ သူတို့မှာ ကားမောင်းလိုင်စင်ရှိရင်တောင် အေဂျင်စီက ကားမောင်းခွင့်မပေးဘူးလို့ WINNER အဖွဲ့ဝင် Mino က ဆိုပါတယ်။ အတိတ်တုန်းက YG အနုပညာရှင်တွေက ကားနဲ့ပတ်သက်ပြီး ပြဿနာတွေလည်း ရှိခဲ့တာကြောင့်ပါ။

 

၅- ဒိတ်လုပ်ခြင်း


ဒါကတော့ Idol တွေအတွက် အဓိကတားမြစ်ချက်ပါတယ်။ ပရိသတ်တွေနဲ့ K Netizen တွေက Idol တွေဟာ ဒိတ်မလုပ်ရဘူးလို့ ယုံကြည်နေတာပါ။ ဒါကြောင့် အေဂျင်စီတွေက Idol တွေကို ပွဲထွက်ပြီး ဘယ်နှနှစ်အထိ ဒိတ်မလုပ်ရဆိုပြီး ပိတ်ပင်ထားတာမျိုး ရှိပါတယ်။

— ဃဲ
Ref: KB

You cannot copy content of this page